Ch-44

139 16 0
                                    

Paidမှာပြီးဖို့အပိုင်း၂၀လောက်ပဲလိုတော့တယ်နော်။

Ch-44  မင်းမျက်နှာပေါ်မှာတစ်ခုခုရှိနေတယ်

  "ဘော့စ်ရေ။ကျွန်မဒီမနက်ကဘာလို့အလုပ်လစ်ရတယ်ဆိုတာကို မစစ်ဆေးတော့ဘူးလို့မပြောခဲ့ဘူးလား။ကျွန်မဘယ်မှာရှိခဲ့တယ်ဆိုတာကို ရှင့်ကိုမပြောပြဘူး။ဒါကကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေ"

  မိမိမှာဤရက်များအတွင်း တစ်စထက်တစ်စခေါင်းကြောမာလေသည်။

  "ကောင်းပြီလေ။မင်းမှာအရင်ကခံယူချက်တွေရှိထားတယ်လေ။ဒါပေါ့ ငါကမင်းအတွက်စောင့်ကြည့်ပေးနေရမယ်"

  စုယန်သည်ပြတ်ပြတ်သားသားပြောလာပြီး သူ့ခန္ဓာကိုယ်အားဘယ်ဘက်သို့ယိမ်းလိုက်သည်။အများစုလိုပင် သူသည်ပြိုင်ကားမောင်းသည့်ဂိမ်းဆော့နေပြီး ညာဘက်လှည့်ဖို့လိုနေလေသည်။

  "အရင်ကခံယူချက်တွေဆိုတာက ရှင်ဘာပြောချင်တာလဲ"

  "မင်းကအတိတ်မှာလုပ်ခဲ့တဲ့မင်းအသက်အကြောင်းကိုဂရုမစိုက်တော့ဘူးလား။မင်းကနောက်ထပ်ဒုက္ခနည်းနည်းရောက်နေမလားဆိုတာကို ဘယ်သူကသိမှာလဲ....ငါကမင်းကိုနေ့တိုင်းမျက်စိဒေါက်ထောက်ကြည့်နေရမယ်လေ။မင်းကြောင့်မလို့ ငါ့မှာလေ ဆယ်စုနှစ်တစ်ခုစာမကအသက်ကြီးပိုကြီးနေပြီနော်။အဆုံးသတ်ကျ ငါကမင်းရဲ့တစ်ကယ့်ဘော့စ်လား မင်းကငါ့ရဲ့ဘော့စ်လား"

  စုယန်မှအဆက်မပြတ်ပုတ်ခတ်နေစဉ် မိမိမှာဖျစ်ညှစ်၍အားတင်းပြုံးထားရသည်။စိတ်မကောင်းစရာပဲ။ငါကဆန်းကြယ်တဲ့ရှုဝေ့ရှန်နဲ့ ပူးပေါင်းပြီးနှင့်နေပြီလေ။သို့ပေမယ့်လည်း မိမိမှာသူစိတ်ချစေရန်

  "ကျွန်မအတွက်စိတ်မပူပါနဲ့။ကျွန်မပါဝင်ပတ်သက်ဖို့အရာအများကြီးက ဘာလို့ရှိနေရမှာလဲ။ကျွန်မကိုမျက်စိစုံမှိတ်ပြီးစွပ်စွဲနေတာရပ်လိုက်တော့နော်"

  "ဒါဆိုငါနဲ့ဂိမ်းတစ်ပွဲကစားပေး"

  စုယန်သည်သူ၏လက်ရှိဂိမ်းအားပြီးဆုံးသွားပုံရသည်။သူသည်သူ့ဘေးရှိနေရာအားပုတ်ပြလာပြီး

  "ဒါကမင်းဘော့စ်ရဲ့အမိန့်ပဲ။ဒီကိုလာခဲ့"

  ငါကခွေးတစ်ကောင်လိုမျိုးခံစားလာရသလိုပဲ။မိမိမှာအနည်းငယ်စိတ်ရှုပ်သွားရသော်ငြား မည်သို့ပင်ဖြစ်စေကာမူ သူ၏ဘေးသို့စိတ်ပျက်လက်ပျက်ဖြင့်သွားနေရဆဲပင်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now