Ch-34

207 20 0
                                    

Paid gpမှာ အပိုင်း၁၀၀ကျော်နေပါပြီနော်။ပရိုမိုးရှင်းလေးကလည်း ပြီးတော့မှာမလို့ ဝင်မယ့်ကလေးတွေ သွက်သွက်လေးလာခဲ့ကြနော်။

Ch-34 ငါ့ကိုတစ်ခုခုခံစားရအောင်လုပ်ပေး

သူပြောသည်ကိုမိမိကြားနေသော်ငြား အခြားဘက်သာကြည့်‌ေနရင်းသူ့ကိုစကားမပြန်လိုက်ပေ။အပြင်ဘက်ရှိတရိပ်ရိပ်ဖြတ်သွားခဲ့သည့်ရှုခင်းလိုပင် အတွေးများစွာကလည်း မိမိစိတ်ထဲဖြတ်ပြေးနေတော့သည်။မိမိစိတ်မှာရှုပ်ယှက်ခတ်နေတော့သည်။

စုယန်ပြောသလိုပင် မိမိတို့ကြား၌ပတ်သက်မှုပေါင်းများစွာရှိနေသည်။သို့သော် တစ်နေ့၌ ပတ်သက်မှုတစ်ခုသာ ကျိုးပျက်သွားပါလျှင် အခြားပတ်သက်မှုတစ်ခုပြီးတစ်ခုလည်း သဘာဝကျကျပြိုလဲကုန်မည်ကိုတော့ မိမိကြောက်မိ‌လေသည်။

ခဏအကြာတွင်တော့ မိမိသည်ဘာမှမသိတော့ပဲအိပ်ပျော်သွားခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။မိမိနိုးလာချိန်တွင် ကားမှာအောက်ထပ်ကားပါကင်၌ ပါကင်ထိုးထားနှင့်ပြီးဖြစ်နေသည်။မြင်နေရသလောက်မှာတော့ မိမိသည်ကားမှန်အားမှီကာအိပ်ပျော်သွားပုံရသည်။ထပ်ပေါင်းအနေဖြင့် မိမိမှာသွားရည်လည်းယိုနေသေးသည်။

စုယန်သည်မောင်းသူခုံပေါ်၌ရှိနေကြောင်းအား မိမိခံစားနိုင်လေသည်။မိမိမှာ သွားရည်များကျနေသည်ကိုသူ့အားသတိမပြုမိစေချင်၍ ခေါင်းတောင်မမော့ရဲတော့ပဲ သတိပြုမိလောက်စရာ သဲလွန်စများအား ဖယ်ရှားရန်မိမိအနွေးထည်၏အောက်‌ေခြအစွန်းဖြင့်သာ ပါးစပ်ထောင့်ကိုတိတ်တိတ်လေးသုတ်ရန်သုံးလိုက်ရတော့သည်။မိမိသည်ခုမှနိုးလာသလိုဟန်ဆောင်လိုက်သည်။

မိမိခေါင်းအားမော့လိုက်သည်နှင့် ရှုဝေ့ရှန်သည် ကားမှန်၌သူမဘာသာကပ်နေခဲ့သည်။

"အား"

မိမိသည်လက်နှစ်ဖက်ဖြင့်မျက်လုံးများအားဖုံးထားရင်း မိမိခေါင်းကိုပါအုပ်ထားလိုက်သည်။မိမိသည်ရှုဝေ့ရှန်အားကြောက်ရွံ့သွားပြီး မိမိနှလုံးမှာဒေါသတကြီးခုန်ပေါက်နေတော့သည်။

တစ်စက္ကန့်၊နှစ်စက္ကန့်၊သုံးစက္ကန့်....

မိမိမှအကြောက်ပြေခါစအချိန်တွင် စုယန်သည်မိမိလက်အားဖမ်းဆုပ်ကာ ညင်သာစွာဆွဲ‌ခေါ်၍ပွေ့ဖက်လာသည်။မိမိစိတ်မှာ မတည်မငြိမ်စဖြစ်လာပြန်‌‌ေတာ့သည်။စုယန်ကအခုငါ့ကိုဖက်နေတာလား။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Waar verhalen tot leven komen. Ontdek het nu