Ch-64

106 15 0
                                    

ဒါလေးကဂရုမှာအစအဆုံးပြီးထားပါပြီနော်။

Ch-64  လုဝမ်ရွှယ်အားတစ်လွှာခြင်းအမဲဖြတ်ခြင်း

  စုယန်သည်ထူးဆန်းသလိုခံစားနေရသည်။သူသည်ထောက်ချောက်အချို့တွင်းသက်ဆင်းသွားရသည်လားဟုသိချင်နေမိသည်။

  "ဟဟ။တစ်ကယ်ကြီးလား"

  မိမိသည်သူ့အားမချင့်မရဲဖြင့်တောက်ပစွာပြုံးပြလိုက်သည်။အမှန်မှာတော့ မိမိသည်မီဖန်၏မှောင်မိုက်သောလျှို့ဝှက်ချက်များအားဖော်ထုတ်ချင်ရသည့်တစ်ကယ့်အကြောင်းအရင်းမှန်ကိုသူ့အားဘယ်တော့မှသိခွင့်ပေးလိမ့်မည်မဟုတ်ဟုဆုံးဖြတ်ချက်ချခဲ့သည်။(အဲ့ဒါကသူတို့ဒိတ်ဆီဦးတည်နေတဲ့ငါ့ရဲ့သဝန်တိုစိတ်ကြောင့်လေ)

  ခဏတာတိတ်ဆိတ်နေပြီးနောက် မိမိသည်ပါးစပ်ဖွင့်လိုက်သည်။

  "တစ်ကယ်တော့ကျွန်မကအပြင်ဘက်မှာအေးစက်စက်နိုင်ပေမယ့်အတွင်းစိတ်ကတော့နွေးထွေးတဲ့လူစားမျိုးလေ။ပြီးတော့ကျွန်မကဖြောင့်မတ်တယ်...အဲ့တော့ရှင်နဲ့ရှန်ရှောက်ချင်တို့ဘာတွေရှာတွေ့ထားလဲ‌ဆိုတာကျွန်မကိုပြောပြပေးနိုင်မလား။ရှင်ကကျွန်မကိုရှင်တို့တွေ့ထား‌တာတွေရဲ့အကျဉ်းချုပ်ကိုပေးနိုင်မလား"

  "ငါကမင်းကိုဘာလို့ပြောရမှာလဲ"

  စုယန်သည်မိမိအားတမင်သက်သက်တိုးလို့တန်းလန်းဖြင့်ထားခဲ့ချင်ပုံရပြီး မိမိအခန်းထဲမှထွက်ရန်လှည့်လိုက်သည်။

  မိမိသည်သူ့ထံအလျင်စလိုပြေးလိုက်ကာ ဖမ်းဆွဲလိုက်သည်။

  "မသွားပါနဲ့ဦး။ရှင်ကျွန်မကိုမပြောချင်လည်း ဘာလို့အဲ့ဒါကိုအစဖော်ခဲ့တာလဲ။ရှင်ကရှင့်စကားရဲ့တစ်ဝက်ပဲပြောမယ်ဆိုရင် ရှင်ကဖြောင့်မတ်တဲ့အမျိုးကောင်းသားတစ်ဦးမဟုတ်တော့ဘူးနော်"

  "ငါကအမြဲတမ်းဖြောင့်မတ်တဲ့အမျိုးကောင်းသားတစ်ဦးဖြစ်‌ေနတာပဲလေ"

  စုယန်သည်မိမိလက်အားခါချလိုက်သည်။သူ၏မောက်မာသောစရိုက်မှာပြန်ပေါ်လာခဲ့သည်။

  "ငါကမင်းကိုအစထဲကပြောဖို့ကိုဘယ်တုန်းကမှရည်ရွယ်ချက်တွေရှိမနေဘူး။အ‌ေတွးလွန်မနေနဲ့"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now