Ch-88

53 4 0
                                    

Ch-88  မီဖန်၏ရှုထောင့်(P-1)

  ကျွန်မနာမည်ကမီဖန်။ကျွန်မကသတင်းထောက်တစ်ယောက်ပါ။

  အရာအားလုံးပြောင်းလဲသွားခဲ့တာက ဘယ်အချိန်ကစခဲ့တာလဲ။

  ကျွန်မညတိုင်းအိပ်မပျော်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုပြီး ကိုယ့်ဘာသာကိုယ်ထပ်ကာထပ်ကာမေးခဲ့တယ်။ကျွန်မကငြင်းဆန်ပြီးပြန်လည်စတင်ချင်ခဲ့တဲ့ အကြိမ်ပေါင်းမရေတွက်နိုင်အောင်ရှိထားပေမယ့်လည်း စိတ်မကောင်းစရာက ကျွန်မဒီလမ်းပေါ်ခြေချခဲ့ပြီးပြီလေ။

  ကျွန်မ မလွတ်မြောက်နိုင်ခဲ့ဘူး။ကျွန်မကမျက်လုံးကိုအုပ်ပြီးရှေ့ဆက်လျှောက်ဖို့ပဲတတ်နိုင်ခဲ့တယ်။

  ဒါကကျွန်မကမ်းခြေမှာကစားခဲ့ချိန်က ကြုံခဲ့သလိုခံစားချက်နဲ့တူတူပဲလေ။ကျွန်မက ကျွန်မဖိနပ်တွေညစ်ပတ်မှာကိုကြောက်လို့တအားဂရုစိုက်နေရတယ်။

  ဒါပေမယ့်ထင်မထားတာက ရေထဲကနေငါးတစ်ကောင်ကခုန်ထွက်လာပြီး ကျွန်မရဲ့သန့်ရှင်းဖြူစင်နေတဲ့ဖိနပ်ကို ညစ်ပေစေခဲ့တယ်။

  အစွန်းအထင်းကကျွန်မရဲ့အဖြူရောင်ဖိနပ်တွေပေါ်မှာ အရမ်းထင်ရှားနေတာပဲ။အဲ့ဒါကကျွန်မကိုအလွန်အနှောင့်အယှက်ဖြစ်စေပေမယ့် ကျွန်မ မတတ်နိုင်ဘူးလေ။

  အချို့ကိုထည့်သွင်းစဉ်းစားပြီးတဲ့နောက် ကျွန်မဖိနပ်တွေဟာ ညစ်ပေသွားပြီဖြစ်တဲ့အတွက် အိမ်ပြန်ရောက်မှဆေးကြောတော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

  အဲ့တော့ ကျွန်မကပိုပြီးအကြောက်အလန့်ကင်းလာပြီး ရေထဲကိုပိုနက်တဲ့ထိလျှောက်သွားလိုက်တယ်။

  ‌ပေါင်းပင်တွေနဲ့ရွှံ့တွေက ကျွန်မဖိနပ်ရဲ့သားရေခံမှာဖုံးအုပ်နေပေမယ့် အဲ့ဒါကိုကျွန်မသတိမမူမိဘူး။

  ကျွန်မဒူးခေါင်းထိရေကမြှပ်မသွားခင်အထိ ကျွန်မကဒီရေဆိုးရေညစ်ထဲဘာလို့ရောက်နေတာလဲဆိုတဲ့ မေးခွန်းကိုကိုယ့်ဘာသာကိုယ်မမေးမိခဲ့ဘူး။ကျွန်မရဲ့ဖိနပ်တွေကိုမမြင်နိုင်တော့ဘူး - ကျွန်မခြေထောက်တွေ‌ေတာင်အခုတော့ရွှံ့ထဲရောက်နေပြီ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now