Ch-11

442 55 0
                                    

Ch-11ငါပဲဖြစ်သင့်တာ

  "ရှင်ဘာလုပ်နေတာလဲ"

  ဓားမှာမိမိအားထိုးစိုက်ခါနီးတွင် အဝေးရှိအလင်းရောင်မှနေ ကြည်လင်သောအမျိုးသမီးတစ်ဦး၏အသံမှာထွက်ပေါ်လာသည်။လူသတ်သမားမှာဖမ်းမိသွား၍စကားတစ်ခွန်းမဆိုပဲထွက်ပြေးတော့သည်။

  ဤသည်မှာသူတို့တစ်‌ေတွပြသလေ့ရှိသောနန်းတွင်းdramaများထဲရှိ သူတို့‌‌ေအာ်ကာ‌‌ေပြာကြ‌ေသာ 'ကွပ်မျက်ခြင်းကိုရပ်လိုက်' ဆိုသည့်စာသားဖြစ်လေသည်။မိမိမှာကယ်တင်ခံခဲ့ရလေပြီ။

မိမိသည်ယူနီဖောင်းဝတ်ထားသောရဲမေတစ်ဦးမိမိထံပြေးလာသည်ကိုဝေဝေဝါးဝါးမြင်လိုက်ရသည်။

  "မင်းဘယ်လိုနေသေးလဲ။သတိရှိသေးလား"

  ရဲမေသည်မိမိဒဏ်ရာများအားအကြမ်းဖျင်းစစ်ဆေးကာအမြန်ပြေးသွားတော့သည်။

  "မကြာခင်မှာအခြားရဲတစ်ယောက်မင်းကိုကူညီဖို့လာလိမ့်မယ်။ဒီမှာပဲနေပြီးပြေးမနေနဲ့တော့"

  "ကျွန်မခေါင်းနာနေတယ်။ရှင်ကူညီ‌‌ေပးနိုင်မလား..."

မိမိမှာအားလျော့စွာ‌‌ေမးလိုက်သည်။

  မိမိစကားမဆုံးသေးခင်မှာပင် ရဲမေသည်လူသတ်သမားနှင့်တူညီသောဦးတည်ရာဆီထွက်သွားနှင့်ပြီးဖြစ်သည်။

  "မသွားပါနဲ့ဦး..."

  မူလကမိမိမှာထိုလူ့ထံတွင်လက်နက်တစ်ခုရှိကြောင်းသတိပေးချင်ခဲ့သည်။အဲ့ဒါကအရမ်းအန္တရာယ်များတယ်။မိမိမှာသူမအားရပ်တန့်စေချင်ခဲ့သည်။

  သို့သော်သူမကမြန်မြန်ပြေးထွက်သွားလေသည်။မိမိမှာသူမဆီရောက်ရန်ကြိုးပမ်းလိုက်သော်ငြား မိမိမှာသူမဘောင်းဘီအားအနည်းငယ်ပွတ်တိုက်သွားမိရုံသာလုပ်နိုင်လိုက်သည်။မိမိသည်သူမအားမဖမ်းဆုပ်နိုင်လိုက်ပြီးမိမိမြင်ကွင်းမှသူမပျောက်ကွယ်သွားသည်ကိုသာမျှော်လင့်ချက်မဲ့စွာဖြင့်စောင့်ကြည့်ရုံသာတတ်နိုင်တော့သည်။

  "အာားး ငါ့ခေါင်းနာလိုက်တာ"

  မိမိမှာတိုက်မိသွားသောနေရာအား ခံစားမိစေရန်ညင်သာစွာလက်အားအသုံးပြုလိုက်သည်။ထိုသည်မှာသွေးမဟုတ်ခဲ့ပေမယ့် နံရံမှအစိုပြန်နေခြင်းဖြစ်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Unde poveștirile trăiesc. Descoperă acum