Ch-39

170 21 2
                                    

အချိန်ခဏလေးပေးပြီး Click ကြမယ်နော်။

Ch-39  ဘာဖြစ်သွားတာလဲ

  "ထပ်တိုးခဲ့ဦး"

  စုယန်မှာအမိန့်ပေးလာသည်။မိမိလည်းသူနှင့်မျက်နှာချင်းဆိုင်ရန် တစ်ကိုယ်လုံးသာလှည့်ချလိုက်သည်။မိမိသည်စုယန်အား ညစ်တစ်တစ်ကြည့်လိုက်သည်။

  သူသည်မိမိခါးအားဆွဲလိုက်ကာ သူ၏ညာလက်ဖြင့်မိမိဘယ်လက်အားရောယှက်ဆုပ်ကိုင်လိုက်သည်။ထို့နောက်သူသည်မိမိအားသူ့ထံဆွဲလိုက်ပြီး သူ၏ဘယ်ဘက်လက်အား မိမိကျောပြင်ပေါ်ညင်သာစွာတင်လိုက်သည်။မိမိ၏ဒူးခေါင်းများမှာ သူ၏ခြေထောက်များပေါ်တက်ကြိတ်မိသွားပြီး မိမိတစ်ကိုယ်လုံးမှာ ထိန်းချုပ်မှုလွတ်သွားကာရှေ့သို့ကိုင်းညွှတ်သွားတော့သည်။သီသီလေးပဲလိုတော့တယ်။မိမိသာအရှိန်မထိန်းနိုင်ခဲ့ပါလျှင် သူ့အားနမ်းမိသွားလိမ့်မည်ပင်။

  "အင်း!"

  စုယန်သည်မိမိထံခေါင်းငုံ့ကြည့်လာသည်။တိတ်ဆိတ်သွားတာပဲ။

  "ဘာ ဘာဖြစ်လို့လဲ"

  စုယန်သည်မိမိမျက်နှာအား စိတ်ဝင်တစားငေးကြည့်နေသည်။ငါနည်းနည်းတော့ကြောက်လာပြီနော်။ငါ့မျက်နှာမှာတစ်ခုခုရှိနေလို့လား။ငါ့ဆံပင်တွေပွနေလို့လား။ဒါမှမဟုတ် နှာခေါင်းကနေနှာရည်ယိုနေလို့လား။ဟမ်းး ဖြစ်နိုင်တာက....

  မိမိမှာတောင်စဉ်မရလျှောက်တွေးနေစဉ် စုယန်မှစာတစ်ကြောင်းအားတည်တည်ငြိမ်ငြိမ်ပြောလာသည်။

  "ဒါကကျရှုံးသွားပြီကွာ...အိုင်းယား။အရမ်းနာတာပဲ"

  ထို့နောက်သူသည်မိမိလက်အားလွှတ်‌ေပးပြီး သူ့ဆီမှတွန်းချလိုက်ကာ သူ၏ခြေထောက်များကိုကိုင်ရင်းနာကျင်မှုကြောင့်ရှုံ့မဲ့နေကာစောင်ပေါ်တွင်လူးလိမ့်နေတော့သည်။

  "ရှင်အဆင်ပြေရဲ့လား"

  စုယန်သည်လူးလိမ့်နေရင်း မိမိထံမျက်ရည်ဝေ့သီနေသောအကြည့်တစ်ချက်ပစ်လွှတ်လိုက်ကာ သူ၏ဖုန်းအားမိမိထံပစ်ပေးလာသည်။

  "ကြည့် ကြည့်လိုက်"

  ထိုသည်မှာစုယန်မှပြုလုပ်ရန်ကြိုးစားခဲ့သည့် ဒရာမာတစ်ကား၏အပိုင်းတစ်ခုဖြစ်သည်။ဇာတ်လိုက်မင်းသားနှင့်ဇာတ်လိုက်မင်းသမီးတို့မှာ သူတို့၏လက်ချောင်းလေးများအားရောယှက်ဆုပ်ကိုင်ထားကြသည်။ထို့နောက်ဇာတ်လိုက်မင်းသားသည်  ဇာတ်လိုက်မင်းသမီးအား သူ၏လက်မောင်းများထဲဆွဲလှည့်ယူလိုက်ပြီး သူ၏ရင်ခွင်တွင်းသို့ပွေ့ဖက်လိုက်သည်။သူတို့ကိုကြည့်ရတာကနေကြသလိုပဲ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now