Ch-41

153 19 0
                                    

Ch-41  ရှုဝေ့ရှန်အတုရဲ့အထောက်အထားအမှန်က.....

  နောက်ထပ်ငါးမိနစ် သို့ ငါးမိနစ်ကျော်လောက်တူးပြီးချိန်တွင်တော့ မိမိမှာသတ္တုသေတ္တာလေးအားမြေပေါ်သို့ထုတ်ယူလိုက်နိုင်တော့သည်။

  သေတ္တာမှာအဘိဓာန်စာအုပ်ဆိုဒ်လောက်သာရှိသည်။ဒီထဲကိုခန္ဓာကိုယ်တစ်ခုထည့်ထားနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကလက်‌ေမာင်းတစ်ဖက်တောင်ဆံ့မှာမဟုတ်ဘူးလေ။

  မိမိမှာသေတ္တာအားခါယမ်းကြည့်လိုက်သော်ငြား အတွင်းမှနေဘာသံမှထွက်မလာခဲ့ပေ။မိမိမှထို‌ေသတ္တာအားဖွင့်လိုက်ရာ ပြာမှုန်များလွှင့်ထွက်လာသည်။မိမိလည်းသေတ္တာအားချက်ချင်းပိတ်လိုက်ရင်း ရှုဝေ့ရှန်ထံကြောက်ရွံ့စွာငေးကြည့်လိုက်သည်။

  ဒါတွေသာပြာတွေဆိုရင် ရှုဝေ့ရှန်ရဲ့အရိုးပြာပဲဖြစ်ရမယ်။ငါ့ကြောင့်မလို့အချို့ပြာတွေကလွှင့်ထွက်သွားပြီ။သာဓု သာဓု။

  ညီမဖြစ်သူက အစ်မဖြစ်သူရဲ့ခန္ဓာကိုယ်ကိုမီးရှို့ပစ်လိုက်တယ်ပေါ့လေ။

  တစ်ကယ်သာ သူမမှခန္ဓာကိုယ်အားမီးရှို့ခဲ့ပြီး အရိုးပြာများကိုဖွက်ထားခဲ့ပါလျှင် သူမ၏ရှုဝေ့ရှန်အဖြစ်ဟန်ဆောင်နေခြင်းကို မည်သူကမှရှာတွေ့နိုင်လိမ့်တော့မည်မဟုတ်ပေ။အချိန်ကြာလာသော် ဤကမ္ဘာ၌ရှုဝေ့ရှန်တစ်ဦးသာကျန်ရှိ‌ေနပေတော့မည်။

  မိမိကိုင်ထားသည်မှာအရိုးပြာထည့်ထားသောသေတ္တာတစ်လုံးမှန်းသိလိုက်ရသည်မှာ မိမိအားနောက်ကျောမလုံသလိုဖြစ်လာစေသည်။သူမခန္ဓာကိုယ်ကဘယ်လောက်ထိလောင်ကျွမ်းသွားရတာလဲ။ဒါကမီးသင်္ဂြိုလ်လိုက်တာမှမဟုတ်တာကို။

  မိမိသည်မြေကြီးများပေကျံနေသောလက်ဖြင့် ရှုဝေ့ရှန်၏ငွေလက်ကောက်အားကိုင်ထားကာ သူမကိုနှစ်သိမ့်လိုက်သည်။

  "နင်ကအခုပြာတွေအဖြစ်လောင်ကျွမ်းသွားပြီးပေမယ့် ဒါကနင့်ကိုဖော်ထုတ်ဖို့ အခြားလူတွေအတွက်ကျ မဖြစ်နိုင်မှာကိုငါစိုးရိမ်မိတယ်။စိတ်မပူပါနဲ့။နင့်ရဲ့ညီမကိုသူမလုပ်ခဲ့တာတွေအတွက်ကျိန်းသေအပြစ်ဒဏ်ခံရအောင်ငါလုပ်ပေးပါ့မယ်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now