Ch-7

618 60 0
                                    

CH-7 ဒီမှာလက်မှတ်ထိုးလိုက်

  မိမိဒူးခေါင်းများကြမ်းပြင်ပေါ်ကျချိန်တွင် ကျယ်လောင်သောအသံထွက်ပေါ်လာသည်။နာကျင်နေသည်အားဘေးဖယ်ထားလျှင်တောင် မိမိသည်ဆိုးဆိုးဝါးဝါးအရှက်ကွဲသွားလေပြီ။မိမိသည်ပါးစပ်အားဖွင့်ကာကိုယ်ကိုတိုင်ရှင်းပြရန်စောင့်ဆိုင်းစေချင်သော်ငြား စကားတစ်ခွန်းမှထွက်မလာနိုင်ချေ။မိမိလုပ်ရပ်များကိုစုယန်မှမျက်မြင်တွေ့ရှိခဲ့သည်အားမယုံကြည်ချင်ခဲ့ပေ။ငါတော့ကျွင်းတစ်ကျင်းတူးပြီးကိုယ့်ဘာသာကိုသာမြှပ်ထားလိုက်ချင်တော့တယ် တစ်ကယ်ပါပဲ။

  စုယန်၏အေးစက်စက်အမူအယာမှာဆွံ့အသွားသောအမူအယာသို့ပြောင်းသွားလေသည်။

  "ရှင်ဘာလို့ဒီမှာရှိနေတာလဲ"

  မိမိ၏နှာခေါင်းမှာယားယံမနေသော်ငြားကုတ်လိုက်သည်။ထို့နောက်ထလာပြီးဆိုဖာပေါ်သို့ဘာတစ်ခုမှမဖြစ်ခဲ့သလိုဝင်ထိုင်လိုက်သည်။မိမိသည်လက်များအားဒူးခေါင်းပေါ်သို့သိမ်သိမ်မွေ့မွေ့လေးတင်ထားလိုက်သေးသည်။

  "ဒါကငါ့အိမ်"

  စုယန်တွေးပင်မနေဘဲပြန်ဖြေလာသည်။ပြီးနောက်လှည့်ထွက်ကာနို့၂ဘူးယူလိုက်သည်။သူသည်တစ်ငုံတည်းဖြင့်နို့တစ်ဘူးအားအပြတ်ဖြတ်လိုက်သည်။

  မိမိသည်အခြားနို့ဘူးမှာမိမိအတွက်ဟုယူဆကာ ထိုဘူးဆီရောက်ရန်မတ်တပ်ရပ်လိုက်သည်။သို့သော်စုယန်သည် မိမိမှာတည်ရှိမနေသလိုပင်ပြုမူနေသည်။သူသည်အခြားနို့ဘူးအားယူကာမိမိဘေးမှဖြတ်သွားသည်။

  "ရှင်ကျွန်မကိုရှင်းပြချက်တစ်ခုပေးနိုင်မလား"

  မိမိသည်ခြေလှမ်းအနည်းငယ်ဖြင့်သွက်သွက်ပြေးလျှောက်ကာ စုယန်အားဝေးဝေးသွားခြင်းမှတားဆီးရန်လက်မောင်း၂ဖက်အား ဆန့်ထုတ်လိုက်သည်။

  "ဘာလဲ။အဲ့ဒါက"

  စုယန်သည်နို့ဘူးအားမြှောက်လိုက်သည်။

  "ဒါကမင်းအတွက်မဟုတ်ဘူး။ဒါကငါသောက်ဖို့"

  "ကျွန်မနွားနို့အကြောင်းပြောနေတာမဟုတ်ဘူး…ရှန်ရှောက်ချင်ကကျွန်မကိုဒီမှာယာယီနေနိုင်တယ်လို့ပြောသွားတယ်။ဒါပေမယ့်ရှင်ကကျဒါကရှင့်အိမ်လို့ပြောနေတယ်။အဲ့ဒါဘာကိုဆိုလိုတာလဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Место, где живут истории. Откройте их для себя