Ch-6

620 68 0
                                    

CH-6 မင်းဒီမှာခဏနေနိုင်တယ်

  "အာ!မဟုတ်ပါဘူး!ကျွန်မကအပြင်သွားမလို့ပါ"

  ဓာတ်လှေကားစောင့်နေစဉ်တွင်ပင် မိမိဝမ်းဗိုက်မှမြည်ဟီးလာကာသူတို့နှင့်ထွက်သွားမည်မဟုတ်သည်မှာအမှန်ဖြစ်ကြောင်းသက်သေပြရန်ရှည်လျားသည့်'တဂွီဂွီ'မြည်သံထွက်ပေါ်လာသည်။

  သူတို့ကြားလိုက်မယ်လို့ ငါယုံတယ်။ထိုအရာသည်ရှက်စရာကောင်းသောကြောင့်သူတို့မှာမကြားသလိုနေ,နေကြသည်။

  "ကျွန်မဗိုက်ဆာလို့ခေါက်ဆွဲဆင်းစားမလို့ပါ"

  မိမိသည်သူတို့နှင့်အကြည့်မဆုံစေရန်ရှောင်လွှဲ၍ခေါင်းယမ်းလိုက်သည်။

  ဓာတ်လှေကားရောက်လာသည်နှင့်ရှန်ရှောက်ချင်သည်လက်အမူအရာဖြင့်ပြောလာသည်။

  "Ladies first"

မိမိသည်ဓာတ်လှေကားတွင်းဝင်လိုက်သည်။ဓာတ်လှေကားတံခါးပိတ်ချိန်တွင်တော့ မိမိ၏စိတ်အခြေအနေမှာပြုတ်ကျသွားသည်ဟုခံစားနေရသည်။မိမိသည်လက်ကိုင်တန်းအားတင်းတင်းဆုပ်ကိုင်ကာ မှန်ပြင်ကိုငေးကြည့်နေစဉ် ဝမ်းဗိုက်မှအော်လာပြန်သည်။

  "ဘာကြောင့်ငါ့ကိုမျက်နှာနည်းနည်းလေးတောင်မပေးနိုင်ရတာလဲဟယ်"

  မိမိသည်ခေါက်ဆွဲဆိုင်ဆီသွားရင်း စိတ်ဓာတ်ကျနေတော့သည်။အမှန်တော့သူတို့ခေါက်ဆွဲသည်အကောင်းဆုံးတော့မဟုတ်ပါပေ။သို့သော်လွန်ခဲ့သည့်နှစ်အနည်းကခေါက်ဆွဲဆိုင်ပိုင်ရှင်၏သမီးလေးမှာကားတိုက်မှုဖြင့်ကွယ်လွန်သွားခဲ့ပြီး မိမိမှသူတို့ဆိုင်ရှေ့ဖြတ်သွားချိန်တိုင်း ရံဖန်ရံခါတွင်သူမဖခင်ဘေးတွင်ရပ်ကာငေးကြည့်နေတတ်သောသူမအားတွေ့နေရတတ်သည်။

  ထူးခြားသောအကြောင်းအချို့ကြောင့် မိမိသည်ထိုဆိုင်ရှေ့မှအကြိမ်အတော်များများဖြတ်သွားသော်ငြားဘယ်တုန်းကမှစမ်းစားကြည့်ရန်ဆန္ဒပြင်းပျမနေပေ။မိမိနားရက်ရသောတစ်နေ့တွင်ဖြစ်သည်။မိမိခေါင်းထဲတွင် အသံတစ်သံကပြောနေခဲ့သည်"ဒီကိုလာစားပါ။ဒီကိုလာပါ…"

အဆုံးမှာတော့မိမိသည်ထိုင်ချလိုက်ပြီး သူတို့ခေါက်ဆွဲအားစမ်းစားကြည့်လိုက်သည်။ထို့နောက်တွင်တော့ မိမိသည်ခေါက်ဆွဲစားရန်အခြားနေရာများသို့မသွားဖြစ်တော့ပေ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now