Ch-54

138 18 0
                                    

Ch-54  အဆုံးသတ်ကိုသူခံယူရမယ်

  "ဟမ်။နင်က..."

  ထိုသည်မှာစိတ်ဓာတ်ကျနေရသည်မှလွတ်မြောက်သွားစေသည်....မိမိသည်နံပါတ်အားထပ်ကြည့်လိုက်သည်။

  "ငါပါဟုန်ရှောင်ပေ့။အခုကစပြီးငါပြောတာနားထောင်ပေး။နင်ဒီကျောင်းကိုရောက်လာကတည်းကငါ့ကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာငါသိတယ်။နင်ငါ့ကိုချဉ်းကပ်တဲ့နေရာမှာမင်းဆီဘာအကြောင်းအရင်းတွေရှိနေမလဲနဲ့နင်နဲ့ငါ့အစ်မရဲ့ပတ်သက်မှုကဘာလဲဆိုတာကို ငါဂရုမစိုက်ဘူး။ဒါပေမယ့်လက်ရှိမှာတော့ နင်ကငါ့ရဲ့နက်ရှိုင်းတဲ့အတွေးတွေကိုဝေမျှလို့ရနိုင်တဲ့တစ်ဦးတည်းသောလူဖြစ်နေတယ်လေ။ငါ့အစ်မဆုံးပါးသွားကတည်းက ငါကနာကျင်မှုနဲ့ရုန်းကန်မှုအလယ်မှာ အမြဲနေနေခဲ့ရတယ်။ငါသူမနေရာမှာဆက်ပြုမူနေဖို့ကနေ ငါ့ကိုထိန်းထားတဲ့တစ်ခုတည်းသောအရာတွေကကယ်ဗင်နဲ့ရှောင်ရှင်းလေ။ငါအရေထူနေရတာက ရှောင်ရှင်းရဲ့ဆေးရုံခတွေကြောင့်လေ။ငါကငါနဲ့မသက်ဆိုင်တဲ့ဒေါက်ဖိနပ်တွေနဲ့ဘရန်းယူနီဖောင်းတွေဝတ်ခဲ့ရတယ်။ငါ့ဟာမဟုတ်တဲ့နာမည်ရှိတဲ့ဘရန်းအိတ်တွေကိုင်ခဲ့တယ်။တစ်ဦးတစ်ယောက်ရဲ့ဇိမ်ရှိတဲ့ဘဝမှာနေခဲ့တယ်။ငါကအတော်လေးတော့ကံကောင်းတယ်ထင်တယ်။ငါ့မှာမှီခိုဖို့အတွက်ဘယ်သူမှမရှိတော့ဘူးလို့ငါခံစားလိုက်ရချိန်တိုင်း ဘုရားသခင်ကငါ့ကိုအခြားမှီခိုရာချီးမြှင့်လိမ့်မယ်။ဒါပေမယ့် ငါကအဲ့လူတွေဆီကိုကံကြမ္မာဆိုးတွေပဲအမြဲပေးနေမိတယ်။အခုလက်ရှိတော့ ကယ်ဗင်ကငါ့ရဲ့ကမ္ဘာကြီးပဲ။ငါ့ရဲ့အကူအညီမရှိဘဲမျှော်လင့်ချက်အမဲ့ဆုံးအခိုက်အတန့်မှာ သူကငါ့ကိုယုံကြည်ပေးခဲ့တယ်။သူကငါ့ရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာငါ့ဘေးနားရှိနေပေးဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ဒါကြောင့်ငါသူ့ကိုချစ်တယ်။သူနဲ့ရှောင်ရှင်းနှစ်ယောက်လုံးကငါကာကွယ်အပေးချင်‌ဆုံးလူတွေပဲ။ဒါပေမယ့်ဒီနေ့ညနေငါးနာရီလေးဆယ့်ခုနစ်မိနစ်မှာ ရှောင်ရှင်းကအခြားကမ္ဘာဆီကူးသွားပြီလို့ဆရာဝန်ကအသိ‌ေပးခဲ့တယ်။ငါဒီထက်ပိုပြီးအသက်ရှင်နေဖို့မျှော်လင့်ချက်တစ်ခုမှထပ်မလိုချင်တော့ဘူး။ငါချစ်မြတ်နိုးတဲ့လူတွေက ငါ့ရှေ့မှာပဲသေသွားကြတာဟ။သူတို့အကုန်လုံးကငါ့ကိုထားသွားကြပြီ။ပြီးခဲ့တဲ့ညက ငါလေအိပ်ပျော်ဖို့အရေးကိုယ့်ဘာသာမကြာခဏငိုနေမိတယ်။ငါအာဃာတမထားပဲမနေနိုင်ဘူး။ဘာလို့ဘဝကြီးကမတရားရတာလဲ။ဘာလို့ငါ့ကိုချစ်ပေးပြီးထောက်ပံ့ပေးကြတဲ့သူတွေကို ငါကမကာကွယ်ပေးနိုင်ရတာလဲ။ငါနင့်ကိုဖုန်းခေါ်ရတာက ငါ့အတွက်တစ်ခုနင့်ကိုတစ်ခုလုပ်‌ေပးခိုင်းချင်လို့။အစကတည်းက ငါ့မှာတစ်ယောက်ကိုဘယ်‌ေတာ့မှအောင်အောင်မြင်မြင်နဲ့မကာကွယ်ပေးနိုင်ခဲ့ရဘူး။ဒီအကြိမ်မှာတော့ ငါ့ကိုတစ်ခုလေးတော့အောင်မြင်ခွင့်ရအောင်လုပ်ပေးပါနော်။ငါနင့်ကိုတောင်းပန်ပါတယ်....အဲ့လိုမှမဟုတ်ရင် ငါ့ဘဝကလုံးလုံးတန်ဖိုးမရှိတဲ့အရာတစ်ခုဖြစ်သွားရလိမ့်မယ်။ငါ့အစ်မကိစ္စနဲ့ပတ်သက်ပြီး ကယ်ဗင်ကပါဝင်ခဲ့ပေမယ့် နင့်အနေနဲ့သူ့ကိုဖော်ထုတ်မလာဖို့ငါမျှော်လင့်ပါတယ်။အဲ့အကြောင်းကိုဘယ်သူ့ဆီမှလဲမပြောပြပါနဲ့နော်။အခြားလူတွေသာရှာတွေ့ခဲ့ရင် သူကကြံရာပါတစ်ယောက်လို့သတ်မှတ်ခံရလိမ့်မယ်။သူကထောင်ဒဏ်ကျမှာပဲ။သူရဲ့အနာဂတ်ကတောက်ပနေတာကို ငါ့ကြောင့်နဲ့တော့သူ့ကိုထောင်ထဲမသွားစေချင်ဘူး။အရာအားလုံးကိုငါပဲခေါင်းခံလိုက်ပါရစေ။ဒီလျှို့ဝှက်ချက်ကို ငါနဲ့အတူပျောက်ကွယ်ခွင့်ပြုပေးပါ။အိုး ပြီးတော့လေ ငါကသူ့ကိုချစ်ပါတယ်လို့ကယ်ဗင့်ကိုပြောပေးပါဦး။ငါသူ့ကိုဘယ်တော့မှမျက်နှာချင်းဆိုင်ပြောမှာမဟုတ်ဘူး။ပြောရရင်ငါကရှက်တတ်တဲ့မိန်းမငယ်လေးပဲလေ။ငါ့မှာ'ငါနင့်ကိုချစ်တယ်'ဆိုပြီးပြောဖို့သတ္တိမရှိဘူးဟာ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now