Ch-42

157 17 0
                                    

Ch-42 နောက်ကျလွန်းသွားပြီ

"ပေ့ကျဲကရှောင်ရှင်းကိုဗုဒ္ဓဟူးနေ့တိုင်းတွေ့ဖို့လာတယ်မလား ဟုတ်တယ်မလား"

"ဟုတ်တယ်ဗျ။ကျဲကျဲ မင်းဘယ်လိုလုပ်သိတာလဲ။မင်းတို့နှစ်ယောက်ကသူငယ်ချင်းတွေလား။ရှောင်ရှင်းကတစ်ကယ်ကို....ရှောင်ရှင်းကတစ်ကယ်ကို..."

ကလေး‌ငယ်မှာအလွန်အမင်းလှုံ့ဆော်ခံလိုက်ရပုံပေါ်သည်။သို့သော်ရုတ်ချည်းပင် သူသည်ပါးစပ်အပြည့်သွေးတစ်လုပ်အန်ထွက်လာပြီး ဒန်းပေါ်မှပြုတ်ကျလာသည်။

မိမိမှာသူ့အားဖမ်းမိလိုက်သော်ငြား သူ၏လက်ချောင်းထိပ်လေးများသည် ရေခဲသမျှအေးစက်နေသည်။သူ၏မျက်လုံးများမှာ တင်းတင်းကျပ်ကျပ်ပိတ်နေပြီး မိမိပွေ့ဖက်မှုတွင်းဝယ်တုတ်တုတ်မှမလှုပ်တော့ပေ။

"ရှောင်ရှင်း!ရှောင်ရှင်း!ဘာဖြစ်သွားတာလဲ"

မိမိသည်မြေကြီးပေါ်ဒူးထောက်ထိုင်ချလိုက်သည်။မိမိ၏ပိုင်းခြားသိမြင်မှုသည်လည်းလုံးဝအဆုံးသတ်သွားသည်။မိမိ၏အော်သံသည်မိဘမဲ့ကျောင်းအတွင်းရှိလူများ၏အာရုံစိုက်မှုအားဆွဲဆောင်မိသွားပြီး မိမိနောက်ယောင်ခံလိုက်နေသည့်အမျိုးသမီးမှာပြေးထွက်လာတော့သည်။

"ဒီကလေး.."

သူမမှာမိမိမှသူ့အားတစ်ခုခုလုပ်လိုက်သည်ဟုထင်သွားမည်အားစိုးရွံ့မိသဖြင့် ဘာဖြစ်ခဲ့သည်ကိုရှင်းပြချင်မိသည်။သို့သော်သက်လတ်ပိုင်းအမျိုးသမီးသည် မိမိ၏တည်ရှိမှုကိုလုံးလုံးဂရုမစိုက်ပဲ မိမိလက်မောင်းများတွင်းမှရှောင်ရှင်းကို တိုက်ရိုက်ဆွဲခေါ်သွားပြီး တက္ကစီတစ်စီးအားတားရန်ပြေးသွားလိုက်သည်။သူတို့သည်ချက်ချင်းထွက်သွားကြသည်။

သူတို့ကဆေးရုံသွားကြတာလား။သူတို့ဖြစ်လောက်မှာပါ ဟုတ်တယ်မလား။မိမိသည်မိမိမျက်နှာအားထိလိုက်ရာ မိမိလက်ချောင်းထိပ်များတွင် ရှောင်ရှင်း၏သွေးအချို့အားမြင်လိုက်ရသည်။ထိုသည်မှာမိမိအားအနည်းငယ်ရီဝေအောင်လုပ်နေလေသည်။

ကလေးရဲ့သွေး...အဲ့ကလေး...

မိမိသည်ကိုယ့်ဘာသာကိုယ်အားတင်းရပ်လိုက်ပြီး နောက်ထပ်တက္ကစီအားတားကာ မိမိကိုအနီးဆုံးဆေးရုံဆီပို့ပေးရန်ကားဆရာအားပြောလိုက်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now