Ch-61

140 13 0
                                    

ဒါလေးကPaid gpမှာအစအဆုံးပြီးထားပါပြီနော်။

ဒီArcကတော့တအားဒေါသထွက်ပြီးစိတ်ဆင်းရဲစရာအကောင်းဆုံးပဲ။

Ch-61 အ‌ဓမ္မပြုကျင့်မှုဖြစ်ရပ်

ဓာတ်လှေကားထဲမှမိမိထွက်လာသည်နှင့် မိမိ၏ဘော်ဒီဂတ်အလန်းလေးသည်မိမိဆီလွှင့်မြောလာခဲ့သည်။မိမိ၏မျက်နှာအမူအယာအရ မိမိမှာကောင်းမွန်သည့်ခံစားချက်ရှိမနေသည်ကိုသူပြောနိုင်သည်။ထို့ကြောင့်သူသည်ခေါင်းငုံ့ပြီးမိမိနောက်မှနေငြိမ်ငြိမ်လေးလိုက်လာခဲ့သည်။သူစိတ်ပူနေသည်ကိုမိမိသိပါသော်ငြား ဤအချိန်တွင်တော့မည်သည့်နှစ်သိမ့်စကားကိုမှသူပြောနိုင်လိမ့်မည်မဟုတ်ပေ။

သရဲတစ်ကောင်ဖြစ်ရခြင်းမှာအခြားအဓိပ္ပာယ်တစ်ခုခုများရှိနေလား။

တိုက်ခန်းသည်မှောင်မည်းနေသည်။မိမိသည်လည်းမီးဖွင့်မနေခဲ့တော့ပေ။ဖိနပ်များအားချွတ်ပြီးသည်နှင့် မိမိသည်ကိုယ့်အခန်းဆီကိုသာတည့်တည့်သွားလိုက်သည်။

မိမိသည်စားပွဲခုံရှေ့ထိုင်ကာလက်တော့ပ်ဘက်လှည့်ပြီး လုဝမ်ရွှယ်အမှုအပေါ်ရှာဖွေမှုရလဒ်များအားစတင်ရှာလိုက်သည်။မိမိသည်ဖြစ်စဉ်တစ်ခုလုံးအားရှာဖွေကြည့်ချင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်မတ်လ၁၄မှာ နွေဦးအစဖြစ်သည်ဟုသတ်မှတ်ကြသည်။သို့သော်ထိုနေ့၌ပုံမှန်မဟုတ်စွာနှင်းများကျဆင်းခဲ့သည်။ထိုနေ့သည်လုဝမ်ရွှယ်အဖမ်းခံခဲ့ရသည့်နေ့ဖြစ်သည်။

လုဝမ်ရွှယ်သည်ကျေးလက်ဒေသတစ်ခုရှိအလယ်ကျောင်းတစ်ခု၏ကျောင်းအုပ်ဖြစ်သည်။လွန်ခဲ့သည့်တစ်နှစ်က မီဒီယာသည်သူ့အားမြို့၏ပရဟိတသမားအဖြစ်ရွေးချယ်ခဲ့ကြသည်။ထိုအချိန်၌ ပျိုပျိုအိုအို၊ယောင်္ကျား မိန်းမ မဆိုသူတို့သည်သူ့အားလက်မထောင်ပြခဲ့ကြသည်။

"သူကဒီလိုမျိုးပေးကမ်းသူတစ်ယောက်ပဲလေ။သူကပြန်ပေးလာမယ့်တစ်ခုခုကိုဘယ်တုန်းကမှမျှော်လင့်မထားဘူး"

"သူကငါတို့ရဲ့မြို့ငယ်လေးအတွက်ကယ်ရှင်တစ်ယောက်ပဲ"

"သူ့ထက်ပိုပေးကမ်းမယ့်တစ်ယောက်ယောက်ကိုရှာတွေ့ဖို့ဆိုတာက မဖြစ်နိုင်ဘူး"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now