Ch-92

99 10 0
                                    

Ch-92  ထင်မထားတဲ့သရဲ

  ဘာလဲဟ။

  ယခုမှာတော့ မိမိစိတ်ကူးများကျိုးကြောင်းဆီလျော်မှုမရှိရမည့်အလှည့်ဖြစ်သည်။အဲ့တော့ စုယန်ကဆိုဖာပေါ်အိပ်ဖို့အစီအစဉ်မရှိဘူးပေါ့။

  "ငါ‌ကတော့ မင်းအထင်လွဲနေပြီလို့ထင်တယ်။ငါပြောတာကမင်းငါ့အခန်းထဲပြောင်းနေလို့ရတယ်လို့လေ။ငါကငါ့အခန်းကနေထွက်သွားမယ်လို့ဘယ်တုန်းကမှမပြောခဲ့ဖူးပါဘူး"

  မိမိသည်စုယန်အားအေးခဲနေသည့်မျက်နှာဖြင့်စိုက်ကြည့်လိုက်သည်။မိမိမှာနောက်ဆုံးတော့သူ၏ရည်ရွယ်ချက်ကိုသိလိုက်ရလေပြီ။အဲ့ဒါကဒီထက်ပိုပြီးရှင်းမလာနိုင်တော့ဘူး။စုယန်ကဘယ်အချိန်ကစပြီးနှာဗူးတစ်ယောက်ဖြစ်သွားတာလဲ။

  မိမိသည်သူ၏အတုအယောင်ရိုးသားမှုဖြင့်ခန့်ညားသောမျက်နှာအားငေးကြည့်လိုက်သည်။မိမိမှာထိုမျက်နှာအားနမ်းချင်သွားခဲ့သည်။

  "ရှင်ကျွန်မကိုရန်စနေတာလား"

  မိမိသည်အေးစက်စက်မေးလိုက်သည်။

  "မဟုတ်ပါဘူး။ဒါပေမယ့်ငါတို့ကအတွဲလေ အဲ့တော့အတူတူနေရမှာပေါ့။ပြီးတော့စိတ်မပူပါနဲ့။ငါမင်းကိုဘာတစ်ခုမှလုပ်မှာမဟုတ်ပါဘူး"

  စုယန်သည်သူ၏ကော်လံအားပြင်လိုက်သည်။

  "ငါကအမျိုးကောင်းသားတစ်ယောက်ပဲလေ"

  "လူလိမ်"

  မိမိသည်ချက်ချင်းငြင်းဆိုလိုက်သည်။

  "အဲ့ဒါတစ်ကယ်ပါ။ငါမင်းကိုဘာမှမလုပ်ပါဘူးလို့ ကတိပေးတယ်။ငါကျိန်ပြောပါတယ်"

  စုယန်သည်မိမိထံသိမ်သိမ်မွေ့မွေ့လေးပြုံးပြလာသည်။သူမှမိမိထံထိုအကြည့်မျိုးကြည့်သည့်အချိန်တိုင်း ထိုသည်မှာဘယ်တုန်းကမှရိုးရှင်းမနေတော့ပါပေ။

  "လူလိမ်။ရှင်ကအကြံသမားတစ်ယောက်ပဲ။ရှင့်မှာအကြံတစ်ခုရှိနေမယ်ဆိုတာကိုကျွန်မသိထားပြီးပြီ။ရှင်အရမ်းဆိုးဝါးနေလိမ့်မယ်လို့ ကျွန်မကထင်မထားရုံလေးတင်"

  မိမိသည်သူ့နားမှနောက်ပြန်ဆုတ်လိုက်သည်။

   သို့သော်စုယန်သည်မိမိအားခြေချင်းဝတ်မှနေဆုပ်ကိုင်ထားသည်။သူသည်မိမိအားရိုးရိုးသားသားလေးကြည့်လာပြီး

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now