အခန်း (၇၁)

905 164 2
                                    

<အနှစ်သုံးဆယ်ကြာပြီးနောက်ခရမ်းတောင်ပံဂိုဏ်းမှ တပည့်များ ရောက်လာကြပြီ>

ကျွန်းသည် လခြမ်းကွေးနှင့် ဆင်တူခြင်းကြောင့် ဝမ်ရွှမ်က 'ကွေးယွဲ့ကျွန်း'ဟု အမည်ပေးခဲ့သည်။

သူ၊ကျန်းရီနှင့် အတူခရီးနှင်ခဲ့ကြသော လူ၂၁ဦးတို့သည် ကွေးယွဲ့ကျွန်းပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သည်။

သို့သော် ဒုတိယနှစ်မှစ၍ ကျွန်းပေါ်တွင် လူ၂၃ဦးတည်း ရှိနေခြင်း မဟုတ်တော့ပေ။ပေ့နင်(မြော
က်ပိုင်းနင်ပြည်ထောင်)မှ လူအများအပြားသည် သမုဒ္ဒရာထဲသို့ ထွက်ပြေးလာခဲ့ကြသည်။သို့ရာတွ
င် ကွေးယွဲ့ကျွန်းကဲ့သို့ ရှင်သန်နေထိုင်ရန် သင့်တော်သော ကျွန်းမျိုးကို ရှာမတွေ့ကြခြင်းကြောင့် အချို့သည် အစပိုင်းတွင် ဖြတ်သန်းဖြတ်လာမျှသာ အနားယူကြသော်လည်း နောက်ပိုင်းတွင်
ထွက်မသွားလိုတော့ဘဲ နေထိုင်ခွင့် ပေးရန် ဝမ်ရွှမ့်ကို တောင်းပန်ခယခဲ့ကြသည်။

ထို့အပြင် ဝမ်ရွှမ် အပြင်တစ်ခါထွက်တိုင်း လူတ
စ်ဦးစ၊နှစ်ဦးစ ကယ်တင်လာတတ်ပြီး ကျွန်းပေါ်တွင် နေထိုင်ခွင့်ပေးခဲ့သည်။

တဖြည်းဖြည်းနှင့် ကျွန်းပေါ်တွင် နေထိုင်သူဦးရေ တိုးလာပြီး ဆယ်နှစ်မြောက်တွင် လူဦးရေ တစ်ရာနီးပါး ရှိလာခဲ့သည်။ထိုအချိန်မှစ၍ ဝမ်ရွှမ်သ
ည် ကျွန်းပေါ်တွင် နေထိုင်ခွင့် ပေးရန် တောင်းဆိုလာသူများကို ငြင်းဆန်ခဲ့သည်။ဤကျွန်းပေါ်တွင် လူဦးရေ တစ်ရာဝန်းကျင်သာ နေထိုင်နိုင်သည့်အ
တွက် ထိုပမာဏထက် ပိုများလာပါက တစ်ဦးချ
င်းစီ၏ အကျိုးရပိုင်ခွင့်ကို အပြည့်အဝ မပေးနိုင်တော့မည်ကို စိုးရိမ်ခြင်းကြောင့်ပင်။

လူဦးရေ တစ်ရာအထိ တိုးလာသော်လည်း လူတို
င်းဟာ ဝမ်ရွှမ့်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ကြပြီး ကျွန်းသခင်ဟု တလေးတစား ခေါ်ဝေါ်ကြမြဲပင်။ဤကျွန်းပေါ်တွင် နေထိုင်သူများသည် ရွှေအမြုတေအဆင့်သို့ ရောက်ရန် သိပ်မဝေးတော့သော ကျင့်ကြံသူများဖြစ်သော်လည်း သူတို့အား
လုံး၏ အမြင်တွင် ဝမ်ရွှမ်ဟာ ကျွန်းသခင်အဖြစ်၊ခေါင်းဆောင်အဖြစ် လေးစားအားကိုးထိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now