အခန်း(၇၅)

889 159 3
                                    

<နောက်ဆုံးတော့ငါတို့နှစ်ယောက်ကလျှောက်
ယ့်လမ်းချင်းတူကြဘူး>

ထိုအလောင်းသည်လည်း လှိုဏ်ဂူထဲတွင် ကျန်ရ
စ်ခဲ့ပြီး ဝမ်ရွှမ်ကသာ တိတ်တဆိတ် မြေမြှုပ်ပေးရပြန်သည်။

သို့သော် ရက်အနည်းငယ်ကြာပြီးနောက် ကျန်းရီက နောက်ထပ် အလောင်းကောင်ကို ယူဆောင်လာပြန်သည်။တတိယမြောက်ဖြစ်လာသည့် အ
လောင်းကိုလည်း ယခင်နည်းအတိုင်း'သေရန်ထို
က်တန်သူ'ဟု ရှင်းပြခဲ့သည်။၎င်းကြောင့် ဝမ်ရွှမ်နှင့် ကျန်းရီတို့ အငြင်းပွားခဲ့ကြသေးသည်။ဝမ်ရွှမ်က အလောင်းကောင်များကို သူတကယ် မလိုအ
ပ်ကြောင်းနှင့် ဆာလောင်မှုကို သည်းခံနိုင်နေပြီဖြစ်ကြောင်း ကျန်းရီကို ရှင်းပြသော်လည်း သူ့ကြိုးစားမှုက မအောင်မြင်ခဲ့ပေ။

"ရှစ်ရှုန်း ဘာတွေစိတ်ပူနေတာလဲ?"

"ရှစ်ရှုန်းက ကျွန်တော့် စကားကို မယုံဘူးလား?ဒီလူက သေသင့်တယ်လို့ ကျွန်တော် ပြောနေတာကို မယုံဘူးပေါ့? ဒီလိုကောင်မျိုးကြောင့် အစ်ကို တွန့်ဆုတ်နေစရာလိုလို့လား?"

အမှန်ဆိုရသော် ဤသည်မှာ အထင်နှင့်အမြင်လွဲနေသော ပြသနာမျိုးဖြစ်သည်။ဝမ်ရွှမ်သည် စိတ်ဆန္ဒထဲမှ ဆာလောင်မှုကို ထိန်းချုပ်နိုင်နေပြီဖြစ်ပြီး စောင့်ထိန်းရမည့် ကိစ္စများအပေါ် စည်းမဖော
က်ဘဲ စောင့်ထိန်းနေသော်လည်း ကျန်းရီ၏ အမြ
င်တွင်တော့ ဝမ်ရွှမ့် အပြုအမူဟာ အဓိပ္ပါယ်မဲ့ ခေါင်းမာနေခြင်းဖြစ်သည်။

အကယ်၍များ အငြင်းပွားမှုက အလျော့ပေး၍ မရသော အခြေအနေသို့ ရောက်လာတိုင်းတွင် ကျ
န်းရီက 'ဒါတွေအားလုံးအစ်ကို့အတွက်ချည်းပဲ'ဟု အော်ဟစ်သောင်းကျန်းသွားလေ့ရှိသည်။

ကျန်းရီဟာ အချိန်တိုလေးအတွင်းမှာပင် ထိုစ
ကားတစ်ခွန်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောခဲ့သည်။

ထို့အပြင် ဝမ်ရွှမ် ဘယ်သောအခါမှ ဆက်မငြင်းနိုင်သော စကားတစ်ခွန်းလည်း ဖြစ်နေပြန်သည်။သို့ဖြစ်ရာ ရန်ပွဲ၏ အဆုံးသတ်သို့ ရောက်လာတို
င်း ဝမ်ရွှမ်သည် ငြင်းခုန်ခြင်းကို အလျော့ပေး၍ ကျန်းရီ၏ စကားကိုသာ ငြိမ်သက်စွာ နာခံပေးခဲ့
သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now