အခန်း ၁၁၁

6.4K 230 4
                                    

အပိုင်း (၁၁၁) သခင့်အိမ်

လုံးဝကို လူသစ်လေးဖြစ်သော လျန်ရွှီသည် ကျန်းလော်မှ နှင်းမုန်တိုင်းအကြောင်းပြောပြသောအခါ အလွန်ပူပန်စိတ်လှုပ်ရှားသွားသည်။ နှင်းမုန်တိုင်းသည် တစ်နာရီအတွင်း တိုက်ခတ်မည်ဟု ကြားသောအခါ လျန်အိမ်တော်မှ သုံးယောက်သားသည် ကျန်းလော်ကို အားကိုးတကြီးကြည့်၍ ငိုကြတော့မတတ်ဖြစ်လာကြကာ

"ဘယ်လိုလုပ်ကြမလဲ"

ကျန်းလော်သည် စိတ်ထဲမှ ပြောလိုက်မိသည်။

'မင်းတို့လျန်အိမ်တော် အခုထိ အိမ်တော်ခြောက်ခု ကြားထဲမှာ ရပ်တည်နိုင်နေသေးတာ တော်တော်အံ့ဩစရာကောင်းနေပြီ'

ကျန်းလော်သည် သူ့ကျောပိုးအိတ်ကို ချလိုက်ပြီး အကြွေစေ့သုံးစေ့ ထုတ်လိုက်သည်။ ထို့နောက် ကျန်းလော်သည် အကြွေစေ့ဗေဒင်မမေးခင် နှင်းများကို လက်တစ်ဆုပ်အပြည့် ယူလိုက်ပြီး လက်နှစ်ဖက်ကို သန့်စင်သွားအောင် ဆေးလိုက်သည်။ တခြားသုံးယောက်သည် ကျန်းလော်ဘေးတွင် ကုပ်ကုပ်လေး ဆောင့်ကြောင့်ထိုင်ကာ မျက်တောင်မခတ်ဘဲ သေချာကြည့်ကြသည်။

ကျန်းလော်သည် ပစ္စည်းများကိုသိမ်းလိုက်ပြီး သံလိုက်အိမ်မြှောင်ကို ထုတ်ကြည့်ကာ

"သွားကြစို့"

နာရီဝက်ကြာပြီးနောက် ကောင်းကင်ကြီးသည် မှောင်မည်းလာပြီး တိမ်ထူလာသည်။ လေပြင်းတိုက်ကာ တိမ်တိုက်မည်းမည်းများသည် သူတို့ခေါင်းပေါ်တည့်တည့်ရောက်လာသလို တောင်တစ်ခုလုံးကို ဖုန်းလွှမ်းသွားသည်။

နှင်းမုန်တိုင်း အစပျိုးနေပြီဖြစ်သည်။

လျန်ရွှီတို့ သုံးယောက်သည် ကျန်းလော်ကို အလွန်ယုံကြည်အားကိုးနေကြကာ "စီနီယာအစ်ကိုကြီး(သာ့ရှစ်ရှုန်း)" ကို ပါးစပ်ကမချတမ်း ရိုးသားအားကိုးစွာ ခေါ်နေကြရာ ကျန်းလော်သည် သူတို့အဲ့လို တစ်ခါခေါ်တိုင်း ကြက်သီးများထလာတော့သည်။

နောက်ထပ်နာရီဝက်ကုန်သွားပြီးနောက် နှင်းပွင့်များသည် ကြမ်းတမ်းစွာ ပြန့်ကျလာပြီး လေအေးများသည် တောင်တစ်တောင်လုံးကို တရှဲရှဲမြည်အောင် တိုက်ခတ်လာသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now