အခန်း ၁၉၈

527 108 3
                                    

အပိုင်း (၁၉၈) တကယ်လို့ ... မေ့သွား ...

ချီယုံသည် နဂါးရေကန်ထဲကို ခုန်ချသွားပြီး ကံကြမ္မာယုံသူ၏ ရည်မှန်းချက်အတိုင်း ဖြစ်သွားသည်။ ကံကြမ္မာယုံသူသည် ကျန်းလော့ကို နဂါးရေကန်ထဲသို့ ကယ်တင်ရန် တွန်းချလိုက်သည့် အချိန်တွင် ချီယုံသည် ကံကြမ္မာယုံသူကို ဘာမှမလုပ်ပါဘဲ ကျန်းလော့အတွက်နှင့် ရေကန်ထဲသို့ တိုက်ရိုက်ခုန်ချသွားခဲ့သည်။

နဂါးရေကန်နှင့် မကောင်းဆိုးဝါးတို့သည် ပိုးဖလံနှင့် မီးတောက်တို့နှင့် အသွင်တူပြီး ချီယုံသည် ဆယ်ကြိမ်တွင် ကိုးကြိမ်တိတိ သေမှာ သေချာသည်။ သူသာ အလွန်အင်မတန် ဉာဏ်ကောင်းနေပါလျှင် သေခြင်းတရားကို ရှောင်တိမ်းနိုင်လောက်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည်။

ချီယုံ နဂါးရေကန်ထဲ ခုန်ချသွားသည်ကို ကြည့်နေရင်း ကံကြမ္မာယုံသူသည် စကားပင် ပြောမထွက်နိုင်လောက်အောင် စိတ်သက်သာသွားသည်။ သို့သော် ပြောမပြနိုင်သော ရှုပ်ထွေးမှုတစ်ခုကိုလည်း ခံစားသွားရသည်။

ကံကြမ္မာယုံသူသည် ကျန်းလော့က ချီယုံ့အတွက် အလွန်အရေးကြီးသည်ကို သိရှိထားသော်လည်း ချီယုံက ကျန်းလော့ကို အသက်ပေးပြီးကယ်နိုင်ချေကို သုံးဆယ်ရာခိုင်နှုန်းလောက်သာ ယုံကြည်ထားခဲ့သည်။

ကျန်းလော့အတွက်နှင့် ဤမျှအထိ လုပ်သွားနိုင်မည်ဟု မထင်ထားခဲ့ပေ။

ကံကြမ္မာယုံသူသည် အနည်းငယ် စိတ်ပြေသွားသော်လည်း ရေကန်နံဘေးတွင် သူ့ကို ပြိုင်မတိုက်နိုင်သော စီဝမ်ကွေးတစ်ယောက် ရှိနေသေးမှန်း မေ့သွားခဲ့သည်။

သတိလက်လွတ်ဖြစ်သွားသည့် ကံကြမ္မာယုံသူကို ထန်ပိက ရင်ဘက်တည့်တည့်သို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ကံကြမ္မာယုံသူသည် သူ့ရင်ဘက်ကို ဖောက်ဝင်သွားသော ဓားကို ငုံ့ကြည့်ပြီး တစ်ကမ္ဘာလုံးကို ဂရုမထားသော အကြည့်ဖြင့် ထန်ပိကို မော့ကြည့်၍ ရုတ်တရက် ပြုံးပြလိုက်သည်။

ထန်ပိသည် သူ့ကို စိုးရိမ်စွာဖြင့် သူ၏ ခမ်းနားသော ဓားရှည်ကို ပြန်ဆွဲထုတ်ပြီး နောက်တစ်ကြိမ် ထပ်၍ ထိုးတော့မည့်အချိန်တွင် ကံကြမ္မာယုံသူက အေးစက်စွာ ပြောလာသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now