အခန်း ၁၅၉

1.1K 192 1
                                    

အပိုင်း (၁၅၉) သူငယ်ချင်းများ ဆုံရပ်

ဒီတစ်ကြိမ်တွင် ကျန်းလော့သတိပေးစရာမလိုတော့အောင်ပင် လုယုံရိသည် အသံတစ်စက်မှ မထွက်တော့ပေ။ သူတို့သည် အချိန်အကြာကြီး တံခါးရှေ့တွင် ရပ်နေပြီး သူတို့ခြေထောက်များ ထုံလာကာ ရေဆိုးများထဲ နှစ်နေရာမှ အေးစက်လာတော့မှ လူနှစ်ယောက်သည် အိပ်ရာနားသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားတော့သည်။

နောက်ဆုံးတွင် နူးညံ့သော အိပ်ရာပေါ်ထိုင်မိတော့မှ နှစ်ယောက်လုံး စိတ်သက်သာရာရစွာ ပြိုင်တူ သက်ပြင်းချလိုက်မိကြသည်။ လုယုံရိသည် အခုမှ အနားရသွားသောကြောင့် သက်ပြင်းချတာ ဖြစ်ပြီး ကျန်းလော့ကတော့ အသက်အန္တာရာယ်မှ လွတ်မြောက်သွားသောကြောင့် စိတ်ပေါ့ပါးသွားတာဖြစ်သည်။

အမှောင်ထဲတွင် ဆံပင်အနက်နှင့်ကောင်လေး၏ မျက်လုံးတို့သည် တောက်ပနေသည်။ သူသည် ရင်ဘတ်ပေါ်လက်တင်၍ သူ့နှလုံးခုန်သံကို နားထောင်ကြည့်သည်။ နှလုံးခုန်သံတစ်ချက်တိုင်းသည် စိတ်လှုပ်ရှားမှုကြောင့် အားမာန်အပြည့်နှင့် ခုန်လှုပ်နေသည်။

'အရမ်းမိုက်တာပဲ'

သေခြင်းတရား၏ ခြိမ်းခြောက်မှု မရှိတာတောင် ဤကဲ့သို့ သေခြင်းရှင်ခြင်းကြား ပြေးလွှားရုန်းကန်ရခြင်းသည် ကျန်းလော့၏ စိတ်ခံစားချက်များ ကို အထွပ်အထိပ်သို့ ရောက်သွားစေကာ သူ့ကို အဆုံးစွန်ထိ စိတ်လှုပ်ရှားစေသည်။ သူသည် မထိန်းချုပ်နိုင်စွာ ဇွတ်ကွေးတက်နေသော နှုတ်ခမ်းထောင့်များကြောင့် ပါးစပ်ကို ကွယ်ထားရသည်။ သို့သော် သူ့ပုခုံးများကတော့ မသိမသာ တုန်ယင်နေလေသည်။

'ဒါက ချီယုံပြောတဲ့ အကျိုးမရှိပေမဲ့ ဆက်တိုက်လိုက်နေမယ် ဆိုတာမျိုးလား'

'တကယ့်ကို ချီယုံရဲ့ သောက်ရူးလုပ်ကွက်မှန်း အရမ်းသိသာတယ်'

'ဒါပေမဲ့ ဒီကောင် အရမ်းတော်နေတာတော့ ငါဝန်ခံရမှာပဲ'

ကျန်းလော့သည် သူ့မျက်နှာကို တစ်ချက်လောက်ဖြစ်ဖြစ် ပိတ်ထိုးပစ်လိုက်ချင်သော်လည်း အခုက အိပ်မက်ထဲမှာ ဖြစ်နေသည်။ ကျန်းလော့မျက်နှာသည် အနီရောင် ခပ်ရဲရဲလေး ဖြစ်သွားပြီး မကြာလိုက်ပေ ချက်ချင်းနီးပါး ပြန်ငြိမ်သွားသည်။ သူ့ဖုန်းကို ထုတ်လိုက်ပြီး လုယုံရိနှင့် အွန်လိုင်းပေါ်မှ စာရိုက်ပြီး စကားပြောလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now