အခန်း ၁၄၃

1.2K 235 14
                                    

အပိုင်း (၁၄၃) အတွင်းစိတ် မြင်ကွင်းများ

မှောင်မည်းနေသော အခန်းကျယ်ကြီး၏ အလယ်တည့်တည့်ရှိ ကြက်သွေးရောင် အိပ်ရာအကြီးကြီးပေါ်တွင် အနောက်တိုင်းဝတ်စုံဝတ်ထားသော လူတစ်ယောက် လှဲလျောင်းနေသည်။

ထိုလူ၏ ဝတ်စုံသည် ဒီဇိုင်နာချုပ်ဖြစ်ပြီး ငေးမောသွားရလောက်အောင် ကျော့ရှင်းသည်။ လည်ပင်းမှ ဖဲပြားပုံလည်စည်းမှ စ၍ လက်ချောင်းရှည်များကို ဖုန်းအုပ်ပေးထားသော အဖြူရောင် လက်အိတ်တို့အလယ် တောက်ပြောင်နေသော အသစ်စက်စက် သားရည်ဖိနပ်တို့အဆုံး အရာအားလုံး ခြောက်ပစ်ကင်း ပြီးပြည့်စုံနေသည်။

အဖြူရောင်လက်အိတ်ဝတ်ထားသော လက်ထဲတွင် ပွင့်ဖတ်များပေါ်တွင် ကြည်လင်သော သလင်းကျောက်များလို နှင်းစက်များ တွဲလွဲခိုနေသည့် လှပသော နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထားသည်။ ထိုလူ၏ မျက်လုံးသည် မှေးမှိတ်ထားပြီး ချောမောသော မျက်နှာသည် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ကောင်းလှသည်။

နှုတ်ခမ်းပါးပါးတစ်စုံ၏ ထောင့်များသည် ကွေးတက်နေကာ လှပခမ်းနားသော အိပ်မက်ထဲတွင် ချိန်းတွေ့ဖို့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည်။ အချိန်များ ကုန်လာလေပြီ ထိုလူ၏ ကွေးနေသော နှုတ်ခမ်းတစ်စုံသည် တဖြည်းဖြည်း ဖြောင့်တန်းလာကာ မျက်နှာသေကြီးဖြစ်သွားပြီး မျက်လုံးမှိတ်လိုက်သည်။

မကောင်းဆိုးဝါးသည် ကျန်းလော့၏ အိပ်မက်ထဲသို့ မဝင်နိုင်တော့ပေ။ သူ၏ရန်သူလည်းဖြစ် ချစ်ရသူလည်းဖြစ်သူကို အိပ်မက်ထဲတွင် မပိုင်ဆိုင်နိုင်တော့ပေ။ ချီယုံသည် မည်းမှောင်နေသော မျက်လုံးများဖြင့် အိပ်ရာပေါ်မှထလိုက်ပြီး ကျက်သရေရှိစွာ ကုတင်အစွန်းတွင် မတ်မတ်ထိုင်လိုက်သည်။ လက်ထဲမှ နှင်းဆီပန်းကို လိမ်ချိုးပစ်လိုက်သည်။ နှင်းဆီပန်းသည် နွမ်းသွားပြီး လက်ချောင်းသွယ်သွယ်များထဲတွင် လုံးဝခြောက်သွေ့သွားသည်။

မကောင်းဆိုးဝါးသည် လေးတိလေးကန်နှင့် ထရပ်လိုက်ပြီး နှင်းဆီပန်းကို အိပ်ရာပေါ်သို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် ဂရုမစိုက်သလို အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။ အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ ညှီစို့စို့အနံ့ကို ရလိုက်သည်။ ကောရစ်တာတလျှောက်လုံးတွင် သွေးများဖုံးလွှမ်းနေကာ မကောင်းဆိုးဝါး၏ ပြောင်လက်နေသော သားရေဖိနပ်အသစ်နားထိ သွေးများ တစ်စက်ချင်း တိုးလာနေသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Onde as histórias ganham vida. Descobre agora