အခန်း ၁၈၇

802 151 2
                                    

 အပိုင်း (၁၈၇) ငါမလုပ်နိုင်ရုံလေးတင် (၁)

"မင်းဘာဖြစ်လို့..."

ကျန်းလော့သည် ခက်ခဲစွာ ပြောလိုက်သည်၊

"သူတို့ကို ချည်ထားတာလဲ"

မကောင်းဆိုးဝါးသည် သိမ်မွေ့စွာ ပြောလိုက်သည်၊

"သူတို့က မင်းကို မကုသပေးနိုင်လို့"

သူသည် ကျန်းလော့မျက်နှာကို မော့စေလိုက်ပြီး ကျန်းလော့နှုတ်ခမ်းထောင့်သို့ ဖွဖွလေးနမ်းလိုက်သည်။ သူ့လျှာဖျားသည် ကျန်းလော့နှုတ်ခမ်းပေါ်မှ ပေနေသော သွေးများကို လျက်လိုက်ပြီး

"သူတို့နေရာမှာ မင်းကို ဒဏ်ရာရသွားစေလို့"

သူ့မျက်နှာတွင် တစ္ဆေသွေးကြောများ ထောင်ထနေပြီး သူနီးကပ်လာသောအခါ တစ္ဆေသွေးကြောများသည် အသက်ရှိနေသည်ထင်ရအောင် ကြွတက်နေလေသည်။ ထိုသွေးကြောများကို ကြည့်လေ ကြောက်စရာကောင်းလာလေ ဖြစ်သော်လည်း ကြည့်လေ ပိုကြည့်ချင်လေ ဖြစ်အောင် ဆွဲဆောင်နေလေသည်။ ချီယုံ့မျက်နှာပေါ်တွင် တစ္ဆေဆေးမှင်ကြောင်လိုင်းများသည် ရုပ်ဆိုးပြီး ရက်စက်သည့် အသွင်ဆောင်နေသော်လည်း သူ့တွင် မှော်ဆန်သော ဆွဲဆောင်မှုတစ်မျိုး ရှိဟန်တူကာ ကျန်းလော့ကို ဆက်ကြည့်နေချင်အောင် ဆွဲဆောင်နေသည်။

ကျန်းလော့သည် ချီယုံ၏ ယခုအခြေအနေကို အနည်းငယ် ကြောက်ရွံ့နေသည်။ သူသည် လျန်မိသားစုကို ကြိုးနှင့်ဆွဲထားသော ကော်ရစ်တာကို ပြန်လှည့်ကြည့်လိုက်သည်။

'ကျိယောင်ဇီ မရှိဘူး'

ကျန်းလော့သည် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ခေါင်းကိုက်လာခဲ့သည်။

"ငါ့ခန္ဓာကိုယ်က ဘာမှားနေတာလဲကွာ"

"စွမ်းအားက အရမ်းကြီးလွန်းပြီး ပမာဏများလွန်းနေလို့ မင်းရဲ့ အသားတွေနဲ့ အရိုးတွေကို ဖိအားပေးနေတာ"

ချီယုံသည် ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါပေမဲ့ မကြောက်နဲ့ လျန်မိသားစုက နတ်ဆေးဆရာအိမ်တော်ပဲ သူတို့မှာ မင်းကို ကုသပေးနိုင်မဲ့ နည်းလမ်း တစ်ခုတော့ ရှိမှာသေချာပါတယ် ဟုတ်တယ်မလား"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now