အပိုင်း (၁၃၆) ကိုယ့်ကိုယ်ကို ပြန်ရှာဖွေရပြီ
ကျန်းလော့သည် ရေကန်ထဲတွင် တစ်နာရီလုံးလုံး စိမ်နေခဲ့သည်။ တစ်နာရီကြာပြီးနောက် ရေကန်ထဲမှ ထွက်လာကာ တာအိုဆရာတော် ဝေ့ဟယ်လှမ်းပေးလာသော သဘက်ကို ယူလိုက်သည်။ တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဘယ်လိုနေလဲ"
ကျန်းလော့သည် သူ့တစ်ကိုယ်လုံးမှ ပင်ပန်းညောင်းညာမှုများ ပျောက်သွားသလို ခံစားရသည်။ သူ့စိတ်သည်လည်း သန့်ရှင်းသွားသလို ယခု အလွန်လန်းဆန်းနေသည်။ သူ့ခန္ဓာကိုယ်မှ ရေစက်များကို သဘက်ဖြင့် သုတ်နေသည်။ တာအိုဆရာတော်ဝေ့ဟယ်သည် သူ့ကိုစကားပြောရာတွင် အရင်ကထက်ပိုပြီး ပျော့ပြောင်းလာသော်လည်း သူ့တွင် ပြန်ပြောချင်စိတ်ရှိမနေပေ။
"မဆိုးပါဘူး"
ကံကြမ္မာယုံသူသည် အပြုံးတစ်ခုဖြင့်
"ပြန်သွားတော့"
ကျန်းလော့သည် အဝတ်များပြန်ဝတ်လိုက်ပြီး သူတို့နှင့်အတူ ပြန်သွားလိုက်သည်။ စိမ်းလန်းစိုပြေသော တောင်မြင်ကွင်းကို လမ်းတလျှောက် မြင်နေရသော်လည်း သူ့နှလုံးသားသည် နည်းနည်းမှ မလှုပ်ရှားသွားပေ။
ကံကြမ္မယုံသူက မေးသည်။
"အပြင်ဘက်မှာက ဘယ်နေရာဖြစ်ဖြစ် နှင်းတွေကြီးပဲ အခုထိကို နှင်းကျနေသေးတယ် ဒီမှာတော့ မြက်နုလေးတွေနဲ့ စိမ်းစိုနေတာပဲ မင်းဒီရှုခင်းကို ကြိုက်လား"
ကံကြမ္မာယုံသူ၏ စကားကြောင့် ကျန်းလော့သည် ပတ်ပတ်လည်မှ ရှုမျှော်ခင်းကို လိုက်ကြည့်သည်။ ဤသို့သော လှပပြီး သာယာသော မြင်ကွင်းကို သေချာပေါက် သဘောကျခဲ့ပါသော်လည်း ယခု မည်သည့်ခံစားချက်မှ ရှိမနေပေ။ ထို့ကြောင့် သူသည် စိတ်ဝင်စားမှုမရှိစွာ ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ်"
ထိုစကားနှစ်ခွန်းပြောထွက်သွားသည်နှင့် ကျန်းလော့သည် သူ့ကိုယ်သူတစ်ခုခုမှားနေကြောင်း အာရုံခံမိလိုက်သည်။
သူ့စိတ်အခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာလား
ဒါကြီးက အရမ်းကို ယဉ်ကျေးမှုမရှိသလိုမျိုး ပြန်ဖြေလိုက်မိတာမဟုတ်ဘူးလား
DU LIEST GERADE
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။