အခန်း ၁၃၁

1.3K 248 7
                                    

အပိုင်း (၁၃၁) မင်းကိုယ့်ကို ငြင်းဆန်ချင်နေတာလား

ချီထျန်သည် အကြိမ်ပေါင်းများစွာ နမ်းသော်လည်း အမျိုးသမီးသည် လုံးဝတုံ့ပြန်မှုမရှိပေ။ သို့သော် သူသည် ထိုအမျိုးတုံ့ပြန်ပြန် မတုံ့ပြန်ပြန်ဂရုမစိုက်ဘဲ သူ့လက်နှင့် ပေါင်ကိုသွားကိုင်လိုက်သောအခါ သူ့လက်တစ်ခုလုံး ရေထဲနှစ်လိုက်ရသလို ခံစားလိုက်ရသည်။

သူ့လက်ကို မြန်မြန်လွတ်လိုက်ပြီး ကြည့်ရင်း တွေးမိသည်မှာ

'ဒီခွေးမက ရေချိုးလာတာလား'

သို့သော် အခုချိန်ထိတိုင်အောင် ရေများ မည်သို့ စိုရွှဲနေနိုင်ပါမည်နည်း။

သူသည် ဂရုမစိုက်ဘဲ အမျိုးသမီး၏ခန္ဓာကိုယ်ကို ဆက်၍ ကိုင်တွယ်လိုက်သော်လည်း အမျိုးသမီး၏ ခန္ဓာကိုယ်မှ ရေများသည် ပိုများလာကာ အိပ်ရာခင်းများသည်ပင် သူမအောက်တွင် ရွှဲနစ်လာပြီဖြစ်သည်။

နောက်ဆုံးတွင် ချီထျန်သည် တစ်ခုခုမှားနေသလို ခံစားလာရသည်။

သူဆုပ်ကိုင်လိုက်တုန်းက အမျိုးသမီး၏ ခြေထောက်သည်အေးစက်နေသည်။ သူကြည့်လိုက်သောအခါ သူမခြေထောက်တွင် ခရမ်းပုတ်ရောင်အကွက်များသည် တစ်ကွက်ပြီးတစ်ကွက်ပေါ်လာကာ ဖြူဖွေးသော ခြေထောက်သည် စိမ်းဖန့်ဖန့်ဖြစ်လာသည်။

ခရမ်းပုတ်ရောင်...........

သေပြီးသားအလောင်းတွေမှာပဲ ဒါမျိုးရှိနိင်တာ...............

ချီထျန်သည် အနည်းငယ်ကြောက်ရွံ့လာသော်လည်း ဤအမျိုးသမီးကို သူ့မိခင်က ခေါ်လာသောကြောင့် အရမ်းကြီးမကြောက်မိချေ။ သို့သော် စိတ်ဝင်စားမှုပျောက်သွားသောကြောင့် သူမကို မလုပ်ချင်တော့ပေ။

ချီထျန်သည် အမျိုးသမီးပေါ်မှ ထရန်ပြင်လိုက်သော်လည်း အမျိုးသမီး၏လက်များသည် သူ့ကို ချုပ်နှောင်ထားပြီးနေပြီ ဖြစ်သည်။

တောက်ပသော အနီရောင်လက်သည်းနီဆိုးထားသော လက်ချောင်းများသည် သူ့မျက်လုံးများကို ထိုးဖောက်လိုက်ပြီး သွေးထွက်လာစေသည်။ ချီထျန်၏ မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားကာ မွန်းကြပ်နာကျင်စွာ ခေါင်းမော့လိုက်ပြီး အမျိုးသမီး၏ မျက်နှာကိုကာထားသော ဦးထုပ်ကို ဆွဲဖယ်ပစ်လိုက်ရာ လှပသော မျက်နှာတစ်ခု ပေါ်လာသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Dove le storie prendono vita. Scoprilo ora