အခန်း ၂၀၇

431 82 2
                                    

အပိုင်း (၂၀၇) "ဉာဏ်အလင်းပွင့်စေခြင်း" လုပ်ငန်းစဉ်

ကျန်းလော့သည် ကျိယောင်ဇီ၏ ဆိုင်မှ ထွက်လာပြီးနောက် ကျောင်းအဆောင်သို့ ပြန်၍ ဖွက်ထားသော နောက်ဆုံး ယွမ်ထျန်းကျူးနှင့် ကျောက်ရုပ်ထု နှလုံးသားတို့ကို သွားယူခဲ့သည်။

ချီယုံ၏ နှလုံးသားပေါ်တွင် ထွင်းထုထားသော သူ့နာမည်ကို ထိကြည့်ကာ ယောင်ယောင်လေး ပြုံးလိုက်သည်။

ထိုအချိန်တွင် ချီယုံ့ကို တွေ့ချင်သော စိတ်ဆန္ဒသည် ရုတ်တရက် ပြင်းပြစွာ ပေါ်ထွက်လာသော်လည်း ကျန်းလော့သည် ချီယုံ ရှိနေသည့် နေရာကိုတောင် မသိပေ။

ကျန်းလော့၏ မျက်နှာတွင် အပြုံးပျောက်သွားပြီး မျက်မှောင်ကုတ်သွားကာ ယွမ်ထျန်းကျူးနှင့် ကျောက်ရုပ်ထု နှလုံးသားကို အိတ်ထဲသို့ ထည့်လိုက်သည်။

ညနေသုံးနာရီခန့်တွင် ယယ်ရွှင်၏ ယုန်ရုပ်သည်လည်း ပြုပြင်ပြီးသွားပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် လုယုံရိ၏ တိုက်ခန်းသို့ ကားမောင်း၍ ပြန်လာကြပြီး အိမ်ပြန်ရောက်သောအခါ ဧည့်ခန်းတစ်ခန်းလုံး မှောင်မည်းနေပြီး နံရံတွင် ချိတ်ထားသော တီဗီကသာ လင်းနေသည်။ ထိုတီဗီရှေ့တွင် ဝမ်ယမ်လန်သည် ရုပ်ရှင်ကြည့်နေလေသည်။

သူတို့ပြန်လာကြသည်ကို မြင်သောအခါ ကောကျူသည် နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်သည်။

"ငါတို့နဲ့ လာကြည့်မလား"

တစ်ချိန်လုံး အစွန်အဖျားမှာပဲ နေနေ၍ မဖြစ်ပေ။ အလွန်အလုပ်များနေလျှင်တောင် အားလပ်ချိန်ယူကိုယူမှ ဖြစ်ပေမည်။ ကျန်းလော့နှင့် ယယ်ရွှင်တို့သည် ပျော်ရွှင်စွာပင် သွားပေါင်းလိုက်ကြပြီး ကျန်းလော့သည် စားပွဲပေါ်မှ မုန့်တစ်ထုပ်ကို ဖောက်၍ ဆိုဖာပေါ်သို့ သက်သောင့်သက်သာ ဖြစ်စွာ လှဲလိုက်သည်။

"ဇာတ်ကားက ဘာအမျိုးအစားလဲ"

"The Green Hourတဲ့ ကံဆိုးမိုးမှောင်ကျတဲ့ အချစ်ဇာတ်လမ်း"

ဝမ်ယမ်လန်သည် အပြုံးတစ်ခုဖြင့် ပြောသည်။

"ငါတို့က အခုလေးတင်ပဲ ပိကွမ်းရဲ့ နှလုံးသားခွဲထုတ်တဲ့အကြောင်း ရိုက်ထားတဲ့ ဇာတ်ကားတွေ ရှာကြည့်နေကြတာလေ ပြီးသွားတာတောင် မင်းတို့ ပြန်မလာကြသေးတာနဲ့ တခြားဇာတ်ကားလေးတွေကြည့်ရင်း အနားယူမလို့"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now