အခန်း ၁၂၇

1.1K 227 0
                                    

အပိုင်း (၁၂၇) အတိတ် VS အနာဂတ်

ဘေးပတ်တတ်လည်မှ လူများ၏ ပြောသံဆိုသံများသည် ချီယုံ့နားထဲသို့ အပ်များပျံဝဲလာသလိုပင် စူးစူးရှရှကြားနေရသည်။ ချီယုံသည် ထိုလူများ၏သံများကြားတွင် ကျန်းလော့အသံကို မကြားပေ။

သို့သော် ကျန်းလော့သူ့ကို ကြည့်နေမည်ကို သူသေချာကြည့်သည်။ ချီယုံသည် သူ့ကို လူတွေဘယ်လိုထင်မည် သူ့အကြောင်း မဟုတ်တရုတ် ကောလဟလတွေကို ယုံကြည်ကြမည်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။

သူသည်းခံခဲ့သည်။ စိတ်ဓာတ်ကျမသွားဘဲ သည်းခံခဲ့သည်။ အချိန်ကောင်းကို စောင့်နေသော မြွေပွေးကဲ့သို့ ပြန်ကိုက်ရမည့်အချိန်ကို သည်းခံစောင့်ဆိုင်းခဲ့သည်။

ချီယုံသည် သူ့ကို အိမ်တော်ခွဲများ ဆက်တိုက် ရွှံ့ထဲထိုးချနေသည်ကို အမြဲတမ်းခွင့်ပြုမထားနိုင်သောကြောင့် ကြင်နာသိမ်မွေ့သော မျက်နှာဖုံးဆင်မြန်းကာ ထိုဆိုးဝါးသော အရာများကို သူလုပ်တာမဖြစ်နိုင်ကြောင်း အိမ်တော်ခွဲများက သူ့ကိုသူတို့လုပ်ရပ်များ ပုံချနေကြောင်း လူများယုံကြည်ကြရန် သိမ်မွေ့ဟန်ဆောင်နေခဲ့သည်။

သို့မှသာ တကယ်ကိစ္စအကြီးကြီးဖြစ်လာလျှင် သူကအရင် လက်ဦးမှုယူနိုင်မှာဖြစ်သည်။ အိမ်တော်ခွဲများနှင့် အပြိုင်လိုက်ငြင်း၍ ရန်ပြိုင်ဖြစ်နေလျှင် သူ့ပုံစံအမှန်ကို သာ ချပြထားခဲ့လျှင် သူ့ကိုယုံကြည်မည့်သူ ရှိမှာမဟုတ်တော့ပေ။

သို့သော် ယခုအချိန်တွင် ချီယုံသည် လူအုပ်ကြီးအလယ်တွင် ရပ်နေပြီး ကျန်းလော့သူ့ကို မည်သို့တွေးထင်နေမည်ကို သိချင်နေသည်။

သူ့ "ဇနီး" သည် သူ့တွင် ဤကဲ့သို့အတိတ်မျိုးရှိနေမည်ဟု သိမထားမှာကို ကြောက်မိသည်။ ကျန်းလော့သည် အိမ်တော်ခွဲမှလူများကို ရှုပ်ထွေးစွာ ကြည့်လေသည်။

'ချီယုံကဘယ်သူလဲ'

'အကြင်နာမဲ့ ရက်စက်စွာ အသတ်ခံခဲ့ရသော မကောင်းဆိုးဝါး သူတော်ကောင်းယောင်ဆောင်တတ်သော ရူးသွပ်နေသောသူ သူ့ပျော်ရွှင်မှုအတွင် ဆိုးယုတ်ခြင်းများကို တုံ့ဆိုင်းခြင်းမရှိလုပ်နိုင်တဲ့သူ'

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now