အခန်း ၁၇၉

857 163 2
                                    

အပိုင်း (၁၇၉) တစ်ယောက်အပေါ်မှာ နွေးထွေး တစ်ယောက်အပေါ်မှာ အေးစက်

ကျန်းလော့ မျက်နှာထက်တွင် ချွေးများ စီးကျနေသည်။ ကျန်းလော့၏ အပြုံးတို့သည် ပို၍ နက်ရှိုင်းသွားပြီး သူ့ကိုပဲ ပြုံးပြုံးကြီး ကြည့်နေသောအခါ ကျန်းနင်း၏ မျက်နှာသည် တဖြည်းဖြည်း ပူလာတော့သည်။ အရင်က ကျန်းလော့အတွက် စိတ်ခံစားချက် နည်းနည်းမှ မရှိသော သူ့စိတ်တို့သည် လုံးဝ ပြောင်းပြန်ဖြစ်သွားပြီး

"မင်း အရမ်း ပူနေတာလား"

'ဒီလူကတော့ကွာ ငါ့ကို ပြုံးပြနေတာ ရပ်ပါတော့ သူ့ကို ကြိုက်လွန်းလို့ သေရပါတော့မယ် ..'

"တော်တော်လေး ပူနေတာတော့ အမှန်ပဲ"

ကျန်းလော့သည် ပေါ့ပါးသော အမူအယာဖြင့် ပြောလိုက်ပြီး ဝမ်ယမ်လန့်ကို ခေါင်းစည်းကြိုးတစ်ခု တောင်းလိုက်ပြီး ဆံပင်စည်းလိုက်ရာ လှပသော ငန်းလည်ပင်းပေါ်လာပြီး ပို၍ ဆွဲဆောင်မှု ရှိသွားတော့သည်။

"အခု ပိုကောင်းသွားပြီ"

ကျန်းလော့ ခန္ဓာကိုယ်ကို ကြည့်နေသော အကြည့်တို့သည် ပို၍ တောက်လောင်လာသည်။ ထိုအကြည့်သည် ကျန်းလော့၏ နဖူးမှ ချွေးစက်တို့ လည်ပင်းထိ စီးကျလာသည်ကို ပြင်းပြင်းပြပြ ကြည့်နေသည်။

အသားအရေသည် ချောမွတ်နေပြီး ည၏ လေအေးတို့ကြောင့် အေးစက်ဖြူဖွေးနေသော အသားအရေသည် သူ့ကို ပို၍ တောက်လောင်ပြင်းပြလာစေသည်။ ကျန်းလော့သည် ယနေ့တွင် နားဆွဲမပါဘဲ အပြင်ထွက်လာခဲ့သည်။ နားရွက်တစ်ဖက်ထဲ ဖောက်ထားသော နားပေါက်သည် ခြောက်သွေ့ပြီး သန့်ရှင်းနေသည်။

သူ့ကိုကြည့်နေသော အကြည့်သည်ပို၍ ပြင်းထန်လာပြီး ကျန်းလော့သည် တစ်ခုခု မှားနေသလို ခံစားလာရသည်။ သူသည် မျက်မှောင်ကြုတ်၍ ခေါင်းမော့လိုက်ပြီး အကြည့်လာရာဆီသို့ ကြည့်လိုက်သည်။

မကောင်းဆိုးဝါးသည် ကျက်သရေရှိသော ခြေလှမ်းများဖြင့် နူးညံ့သိမ်မွေ့သော သူတော်ကောင်း ယောင်ဆောင်ထားသည့် မျက်နှာဖုံးကို ဝတ်၍ ကျန်းလော့နားသို့ လျှောက်လာသည်။ ပလွှားမောက်မာခြင်း မရှိသော အလွန်လူကြီးလူကောင်းဆန်စွာ လျှောက်လှမ်းလာပြီး သူ့မျက်နှာတွင်တော့ ကျန်းလော့သာ မြင်နိုင်သည့် ကျန်းလော့၏ အာရုံစိုက်မှုရ၍ ကျေနပ်နေသော အမူအယာတို့ ရှိလေသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Tempat cerita menjadi hidup. Temukan sekarang