အခန်း ၁၈၃

835 154 7
                                    

အပိုင်း (၁၈၃) သူ့ကိုကြည့်ရတာ သဘောကျလား

ဖုန်းလီနှင့် ကောင်းကင်သခင်ကြီးသည် အပြင်ဘက်မှ ဆူညံသံများကြားထဲက တစ်စုံတစ်ခု မှားနေမှန်း သိကြသည်။ ကံကောင်းချင်တော့ တစ်စုံတစ်ယောက်သည် အပြင်ဘက်မှ အခြေအနေကို လာပြီး သတင်းပေးခဲ့သည်။ သို့သော် ဖုန်းလီနှင့် ကောင်းကင်သခင်ကြီးတို့သည် မလှုပ်ရှားဘဲ တည်ငြိမ်စွာ ဆက်၍ ထိုင်နေကြသည်။

ကောင်းကင်သခင်အိုကြီးသည် အိပ်မောကျနေသကဲ့သို့ မျက်လုံးမှိတ်ထားပြီး ကောင်းကင်သခင်နှင့် တပည့်တို့သည် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တိတ်ဆိတ်နေကြသည်။

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်သည် အမြန်ပြေးဝင်လာပြီး

"ကောင်းကင်သခင် အစ်ကို ကျန်းလော့က နက္ခတ်မျှော်စင်ခေါင်မိုး ပေါ်ရောက်နေပါတယ် ကြည့်ရတာ ခုန်ချမလို့ ထင်ပါတယ်"

တည်ငြိမ်စွာ ထိုင်နေသော ဖုန်းလီသည် ရုတ်တရက် မသိသာစွာ ဖြူလျော်သွားပြီး ချက်ချင်း ထရပ်လိုက်ကာ အပြင်ထွက်သွားဖို့ လုပ်လိုက်သည်။

"ဖုန်းလီ"

ကောင်းကင်သခင်အိုကြီး၏ ဖျော့တော့သော အသံထွက်လာသည်။ အသံထဲတွင် ခွင့်မပြုမှုကြောင်း အမိန့်ပေးဟန်ပါနေခဲ့သည်။

ဖုန်းလီ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ကောင်းကင်သခင်ကြီးကို လှည့်ကြည့်လိုက်သည်။

"ငါ မင်းကို အခုလေးတင်ပြောခဲ့တာကို မေ့သွားပြီလား"

ကောင်းကင်သခင်အိုကြီးက ဆက်ပြောသည်။

"ဒီနေ့ မင်းဒီအခန်းထဲက ထွက်သွားခွင့်မရှိဘူး"

"ကျွန်တော် မှတ်မိပါတယ်"

ဖုန်းလီ၏ အသံသည် ပေါ့ပါးနေပြီး

"ဒါပေမဲ့ ကျွန်တော် သွားမှ ဖြစ်ပါမယ်"

"မင်းထွက်သွားရင်ဖြစ်လာမဲ့ အကျိုးဆက်တွေက ဆိုးဝါးမယ်မှန်း သိတာတောင် ထွက်သွားဦးမှာလား"

ဖုန်းလီသည် တစ်စက်ကလေးမှ တွေဝေမသွားဘဲ ပြောလိုက်သည်။

"ဟုတ်ကဲ့"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now