အခန်း ၁၅၇

1.3K 211 8
                                    

အပိုင်း (၁၅၇) ကုတင်အောက်မှာ

ဖုန်းထဲမှ ကျန်းလော့သည် လုယုံရိအခန်းတံခါးကို ခေါက်နေသည့် အသံကို ကြားနေရသည်။ လုယုံရိသည် တံတွေးမြိုချလိုက်ပြီး

"ကျန်းလော့ ငါဘာလုပ်ရမလဲကွာ ဒါမှမဟုတ် ရဲခေါ်လိုက်ရမလား ........"

ကျန်းလော့သည်ပင် အကူအညီတောင်းရန် ရဲခေါ်ဖို့ မစဉ်းစားမိပေ ထို့ကြောင့် သူသည် လုယုံရိကို အားပေးလိုက်သည်။

"ခေါ်ကြည့်လိုက်"

လုယုံရိသည် ဗီဒီယိုကောလ်ကို ပိတ်လိုက်ပြီဂ နောက်ထပ် ဖုန်းခေါ်လိုက်သည်။ ထို့နောက် မကြာခင်တွင် ကျန်းလော့ဆီသို့ စိတ်ပျက်နေသော မျက်နှာဖြင့် ဖုန်းပြန်ဝင်လာသည်။

"ကျန်းလော့ ရဲစခန်းက ဖုန်းမကိုင်ဘူး"

ကျန်းလော့သည် မျှော်လင့်ထားပြီး ဖြစ်သောကြောင့်

"အိမ်ထဲမှာ မင်းကိုယ်မင်း ကာကွယ်နိုင်မဲ့ ပစ္စည်းတစ်ခုခု မရှိဘူးလား"

လုယုံရိသည် အခန်းထဲသို့ အမြန်လျှောက်ပတ်ကြည့်သော်လည်း ဤ့ဟိုတယ် သေးသေးလေးတွင် သူ့ကိုသူ ကာကွယ်နိုင်မည့်ပစ္စည်း တစ်ခုလေးမှ ရှိမနေပေ။ လက်နက်လို့ ခေါ်လို့ရမည့်အရာဆိုလို့ ရေဆိုးမြောင်းထဲမှ ဆံပင်များကို နှိုက်ထုတ်ရာတွင် သုံးခဲ့သော ရှပ်အင်္ကျီတစ်ထည်ပဲ ရှိသည်။

လုယုံရိသည် သန့်စင်ခန်းဘက်သို့ လေးလံသော ခြေလှမ်းများဖြင့် ပြန်လျှောက်သွားပြီး ထိုအဝတ်ကို ကောက်ယူလိုက်ကာ ကျန်းလော့ကို တစ်ခုခု ပြောမည်အလုပ် သူ့အကြည့်သည် ရေဆိုးပိုက်ထဲတွင် တတွန့်တွန့် လှုပ်ရှားနေသည့် တစ်စုံတစ်ရာစီသို့ ရောက်သွားသည်။ ကြောက်လန့်ပြီး စပ်စုလိုစိတ်ကြောင့် ရှေ့တိုးသွားပြီး လေအေးတစ်ချက် မှုတ်ထုတ်လိုက်သည်။

အပေါ်ထပ်မှ အောက်သို့ ဆေးချခံလိုက်ရသော လူသားစင်းကောများသည် စတင်ပြီးတွန့်လိမ်လှုပ်ရှားလာပြီး ရေဆိုးမြောင်းထဲမှ တွားထွက်လာနေသည်။ လုယုံရိသည် အော်ဟစ်လိုက်ပြီး ရေချိုးခန်းထဲမှ ခြေလှမ်းနှစ်လှမ်းထဲဖြင့် ပျံထွက်လာသလို ထွက်ချလာကာ တံခါးကို ကြမ်းတမ်းစွာ ပိတ်ပစ်လိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုကြွေးနေတော့သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Där berättelser lever. Upptäck nu