အပိုင်း (၁၃၀) လောကကြီးပြောင်းလဲမှုတွေစလာပြီ
အပြန်လမ်းတွင် ကျန်းလော့သည် ဤမျှလွယ်လွယ်နှင့် ပြီးသွားမှန်း မယုံနိုင်သေးပေ။ ကျားဂူနှင့် လေးလံသော အရာများသည် အလွန်ရိုးရှင်းစွာ အပြီးသတ်သွားပြီး ကျန်းလော့ကို အလွန်ထူးဆန်းစွာ အမှန်တကယ်မဟုတ်သလို ခံစားနေရသည်။
သို့သော် လျန်ချင်းနှင့် လျန်ပင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ မတူပါချေ အလွန်ပျော်ရွှင်နေကြပြီး မျက်ရည်များကျကာ ပျော်လွန်းလို့ ခေါင်းကိုက်သည်ဆိုသည့် အထူးအဆန်းများပင် ပြောနေကြပါသေးသည်။
သူတို့သုံးယောက်သည် ချီအိမ်တော်သို့ ပြန်လာပြီး လျန်ရွှီနှင့် လိရှောင်းတို့ကို ရှာရန် အမြန်သွားကြတော့သည်။
သူတို့ပြန်ရောက်သောအခါ လျန်ရွှီတို့နှစ်ယောက်သည် အမြန်ရောက်လာပြီး ကျန်းလော့ကို မြင်သောအခါ မျက်လုံးများလက်လာပြီး
"အစ်ကိုကြီး"
ကျန်းလော့က ပြောသည်ၑ။
"အနောက်ဘက်ဂူထဲကို သွားပြီး ပြောရအောင်"
သူတို့သည် ကျောက်ဂူထဲတွင် ပုန်းနေကြပြီး ကျန်းလော့ဆီမှ မကောင်းဆိုးဝါးကိုသတ်ခဲ့ပြီဆိုသည့်အကြောင်းနှင့် သူတို့ထွက်သွားနိုင်တော့မည်ဆိုသည့် အကြောင်းကို ကြားသောအခါ လျန်ရွှီသည် အပျော်လွန်သွားသည်။
"ဒါဆို ငါးနာရီအတွင်း ညီမတို့ ထွက်သွားနိုင်တော့မှာပေါ့နော်"
ကျန်းလော့က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
လူတိုင်းသည် ဝမ်းသာနေပြီး သူတို့သည် အကြာကြီးပျောက်ဆုံးနေသော ပျော်ရွှင်ပေါ့ပါးသော အမူအယာများ ပေါ်လာကြသည်။ သို့သော် လျန်ရွှီသည် ခနလောက်ပြုံးလိုက်ပြီး ရုတ်တရက် ကျန်းလော့ကို ကြည့်လိုက်ကာ တွေဝေစွာမေးလိုက်သည်။
"အစ်ကိုကြီးက မပျော်ဘူးလား"
"ပျော်တာပေါ့ မှန်လောကထဲက ထွက်သွားရတော့မှာပါဆို "
ကျန်းလော့သည် အပြုံးမှိန်မှိန်ပြုံး၍
"ဒါပေမဲ့ အမြဲတမ်းတစ်ခုခုမှားနေတဲ့ ခံစားချက်ကြီး ရနေတယ်"
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။