အခန်း ၁၇၆

818 148 3
                                    

အပိုင်း (၁၇၆) ကောဝူချန်၏ လျှို့ဝှက်ချက်

ကျန်းလော့သည် ဘေ့စ်ဘောတုတ်ဖြင့် ချီယုံပို့လာသော ကားကို စုတ်ပြတ်သပ်နေအောင် ရိုက်ခွဲပစ်လိုက်ပြီး ကျေနပ်သွားကာမှ တစ်ပတ်ရစ်ကားအရောင်းဆိုင်ကို ဖုန်းဆက်ကာ ဒေါ်လာမီလီယံချီနေသော ဝယ်ချင်တိုင်း ဝယ်မရနိုင်သော နောက်ဆုံးပေါ်ဇိမ်ခံကားကြီးကို ယွမ်တစ်သိန်းဖြင့် ပြန်ရောင်းလိုက်သည်။

သူသည် ပိုက်ဆံယူလိုက်ပြီး ဖုန်းအသစ်တစ်လုံးနှင့် တစ်ပတ်ရစ်ကားတစ်စီး ဝယ်လိုက်ကာ နောက်တစ်ရက်တွင် ကောကျူကို ခေါ်၍ ကျို့ခန်းဘုရားကျောင်းဆီသို့ ထွက်ခဲ့ကြသည်။ ကျို့ခန်းဘုရားကျောင်းသည် နှစ်သစ်ကူးတွင်တောင် လူများ ပြတ်လပ်သွားသည်မရှိပေ။ လူတော်တော်များများသည် နှစ်သစ်ကူးပိတ်ရက်မှသာ အေးအေးဆေးဆေး ဘုရားကျောင်းသို့လာရောက်ကြပြီး အမွှေးနံ့သာပူဇော်ကာ ဘုရားရှိခိုးကြခြင်းဖြစ်သည်။

ကောကျူသည် ပန်းပင်ရေလောင်းနေသော ကျောင်းထိုင်ဘုန်းကြီးနှင့် စကားပြောနေသော ဆရာတော်ချန်းသယ်နှင့် တွေ့ရန် ကျန်းလော့ကို ခေါ်သွားပေးလိုက်သည်။ ထိုနှစ်ယောက်လုံးသည် အလွန်အရေးပါသော သူများဖြစ်ပြီး တစ်ယောက်သည် ကျို့ခန်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်ကာ တစ်ယောက်သည် ကျို့ခန်းဘုရားကျောင်း၏ အကြီးအကဲတစ်ပါး ဖြစ်သည်။ သူတို့သည် ကောကျူကို မြင်သောအခါ နှစ်ယောက်လုံး၏ မျက်နှာသည် အလွန်အံ့ဩဝမ်းသာသွားကြပြီး ဆရာတော်ချန်းသယ်သည်

"အော်မီတော်ဖော် ဗုဒ္ဓဘုရားသခင်၊ ကောကျူ ဆရာ မင်းကို နှစ်သစ်ကူးနေ့မှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူးကွာ"

ကျို့ခန်းဘုရားကျောင်းအတွင်း ဝင်လာကတည်းက ထုံထိုင်းနေသော ကောကျူသည် ဆရာတော် ချန်းသယ်၏ စကားကို ကြားသောအခါ သူသည် အားတင်း၍ ပြုံးလိုက်ပြီး

"ဆရာတော်ချန်းသယ် ဆရာတော်ကြီး ဒီနှစ်တွေမှာ နေကောင်းကြပါရဲ့လားဗျ"

"နှစ်ကောင်းလေးလို့ပဲ ပြောရမှာပေါ့ကွာ"

လူအိုကြီးနှစ်ယောက်သည် ရယ်မောလိုက်ကြပြီး

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now