အခန်း ၁၃၃

1.4K 284 27
                                    

အပိုင်း (၁၃၃) ပုံရိပ်ယောင်အပြင်ဘက် ၂

"ကယ်ကြပါ ငါ့ကို မသတ်ပါနဲ့ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့"

"အား သရဲရှိတယိ"

ကလေးငယ်များသည် မီးတောက်ထဲတွင် ကူကယ်ရာမဲ့စွာ အော်ငိုနေကြသည်။

"ပါးပါး မားမား ကြောက်တယ် ......... "

ပုကျိုးမြို့၏ ထောင့်တိုင်း နေရာတိုင်းမှ ပူဆွေးဝမ်းနည်းစွာ ငိုကြွေးသံများ ပဲ့တင်ထပ်နေအောင် ကြားနေရသည်။ ကျန်းလော့သည် ထိုအခြေအနေကို ခနလောက်ကြည့်လိုက်ပြီး ထို့နောက် သူ့အကြည့်သည် ခြေဖဝါးများဆီသို့ ပြန်ရောက်သွားပြန်သည်။

ချီမိသားစုမှ လူများသည် သူ့တို့ကို မော့ကြည့်ပြီး ဒယီးဒယိုင်ပြေးလွှားနေကြသည်။ လေအေးများသည် ကျန်းလော့တစ်ကိုယ်လုံးကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်တိုက်နေရာ စူးခနဲ စူးခနဲ နာကျင်သွားသည်။ ကျန်းလော့သည် မြေပြင်ပေါ်တွင် ပူလောင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ချီယုံ့ကို ကြည့်နေသည်။ ချီယုံ၏ ချောမောသော မျက်နှာသည် ခက်ထန်နေကာ နက်မှောင်သော မျက်လုံးအစုံသည် ခပ်ဖန့်ဖန့် နီရဲနေသည်။

ညအမှောင်ထဲမှ သူတို့နှင့် သိပ်မဝေးသော နေရာရှိ ချီယုံကို ကျန်းလော့သည် တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။ ချီယုံသည် လက်ကို ဆန့်ထုတ်လိုက်ရာ မြူနက်များ ထွက်လာပြီး လေထုထဲသို့ မြင့်တက်သွားသည်။ သို့သော် ကျန်းလော့နားမရောက်ခင်မှာပင် ကန့်သတ်ခံလိုက်ရသလို ဆက်မတက်လာနိုင်တော့ပေ။

ဆယ်ကျော်သက် လူငယ်လေး၏ လက်မောင်းများသည် တောင့်တင်းနေကာ တုန်ယင်နေပြိး ကျန်းလော့ကို သေစေနိုင်လောက်သော အကြည့်ဖြင့် ကြည့်နေသည်။ ထို့နောက်ကျန်းလော့နောက်သို့ ပြေးလိုက်နေကာ မြေပြင်ကိုဖြတ်၍ ကျောက်တုံးများကို နင်း၍ အဆောက်အဦးပျက်များကို နင်း၍ သွေးအိုင်များနှင့် အလောင်းများကို တက်နင်း၍ ဆက်တိုက်လိုက်လာသည်။

ကျန်းလော့သည် သူနှင့် ဝေးရာရောက်သွားပြီဖြစ်သောကြောင့် သူသည် ချီယုံ့နှုတ်ခမ်းပွင့်လိုက်ပိတ်လိုက်နှင့် တစ်ခုခုကို ခေါင်းမာစွာ ပြောဆိုနေသည်ကိုသာ မြင်နေရသည်။ လေသည် ကျန်းလော့ဆီသို့ သူ့စကားများကို သယ်ဆောင်သွားမပေးနိုင်သော်လည်း ကျန်းလော့သည် ချီယုံ့နှုတ်ခမ်းကို ဖတ်ကြည့်နိုင်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now