အခန်း ၁၅၄

1.2K 221 14
                                    

အပိုင်း (၁၅၄) နှင်းဆီပန်း

ကြောက်ရွံ့မှု၊ သတ်ဖြတ်ချင်စိတ်၊ အမုန်းတရား ဤအရာများသည် လူတစ်ယောက်၏ ဆိုးယုတ်ခြင်းတို့်ကို မြင့်တင်ပေးနိုင်သည့် အဓိကအရာများဖြစ်သည်။ ကျန်းလော့သည် ကံကြမ္မာယုံသူ၏ မျက်နှာတွင် အကြောက်တရားနှင့် အမုန်းတရားတို့ မဖုံးနိုင် မဖိနိုင်ပေါ်လာမည်ကို တွေးကြည့်ပြီး အလွန်အူမြူးသွားသည်။

'ကံကြမ္မာယုံသူက ငါ့ကို သတ်ချင်လာအောင် မုန်းလာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ'

'ဒါမှမဟုတ် ကြောက်သွားအောင်ခြောက်လိုက်ရမလား'

ကျန်းလော့က ရုတ်တရက် ပြောလိုက်သည်။

"ခင်များ တမင်တကာ ဝိဉာဉ်စုပ်ဆွဲပြားကို ထိလိုက်တာလား"

ကံကြမ္မာယုံသူသည် အပြုံးမပျက်ဖြေလိုက်သည်။

"ကျုပ်က ဒီတိုင်း မင်းကျုပ်ကို အထင်မှားနေတာ တစ်ခုခုရှိတယ် ထင်လို့လေ"

သူ့စကားများသည် ဝန်ခံချက်ပေးနေသလိုပင်။ ကံကြမ္မာယုံသူ၏ မျက်ဝန်းများသည် နူးညံ့ခြင်းတို့ကိန်းအောင်းနေဆဲ ဖြစ်ကာ ညင်သာစွာ ရှင်းပြသည်။

"မင်းက ကျုပ်ရဲ့ အစစ်အမှန်ကို မြင်ချင်နေမှတော့ ပြပေးရမှာပေါ့ ဒီအခွင့်အရေးကြောင့် မင်းကျုပ်ကို အမြင်မှားနေတာတွေ ရှင်းလင်းသွားဖို့ မျှော်လင့်ပါတယ်"

ကျန်းလော့မျက်စံသည် နောက်သို့ လည်သွားပြီး နည်းနည်းလေး စိတ်ဝင်စားလာသည်။

"ခင်များက ကျွန်တော် ဟန်ဆောင်နေတာကို သိတာလား"

ကံကြမ္မာယုံသူသည် ပြုံး၍သာနေပြီး ဘာမှပြန်မပြောပေ။

"ကံကြမ္မာယုံသူကတော့ ကံကြမ္မာယုံသူပါပဲ"

ကျန်းလော့သည် လက်မြှောက်၍ လက်ခုပ်တီးလိုက်ပြီး ရိုးရှင်းစွာပင် ဟန်ဆောင်ထားတာကို ခွာချလိုက်ကာ စိတ်ဝင်စားစွာပြောသည်။

"ဒါဆို ခင်များ ဘာလို့ ကျွန်တော့်ကို မဖော်ထုတ်တာလဲ"

"ဘာလို့လဲဆိုတော့ မင်းက ချီယုံ့ကို ဒဏ်ရာရအောင် လုပ်ခဲ့လို့လေ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now