အခန်း ၁၄၄

1.1K 224 7
                                    

အပိုင်း (၁၄၄) ဖုန်းလီ၏ အတွင်းပိုင်း မြင်ကွင်း

စားပြီးနောက် ဖုန်းလီသည် ကျန်းလော့ကို ခြံဝန်းထဲသို့ ခုံတစ်လုံးသယ်လာရန်ပြောလိုက်သည်။ ခြံဝန်းထဲတွင် နေရောင်တောက်ပနေပြီး နှင်းများရှင်းလင်းနေသည်။

ကျန်းလော့သည် ဖုန်းလီရှေ့တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သဘက်တစ်ထည်ကို သူ့ကိုယ်ပေါ်တွင် လွှားထားပြီး နောက်ဘက်မှ ဆံပင်များကို ဖီးလိုက်သည် ။ ဆံပင်များသည် နားဆွဲကို ကွယ်ပေးထားသည်။ ဖြူဖျော့သော လက်ချောင်းများသည် ဆံပင်ကို ကိုင်လိုက်ပြီး နောက်သို့ပို့လိုက်ကာ ငန်းကဲ့သို့ ကျော့ရှင်းသော လည်ပင်းကို ဖော်ပြလိုက်သလို ဖြစ်သွားသည်။

ဖုန်းလီသည် သူ့ကို ငုံ့ကြည့်လိုက်ရာ ဆံပင်များကို နောက်ဘက်သို့ စုယူချိန်တွင် ဆံခြည်တစ်ချို့သည် အနည်းငယ်ပွသွားကာ ကပိုကယို ကျသွားသည်ကို မြင်လိုက်ရသည်။ ဖုန်းလီသည် လက်ထုတ်လိုက်ပြီး တပည့်ဖြစ်သူ ဆံပင်ရှင်းတာကို ကူညီပေးလိုက်သည်။

သက်လတ်ပိုင်းလူတစ်ယောက်၏ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်ထားသော ခိုင်ခံ့သော သွယ်လျလျလက်ချောင်းများသည် ပျော့ပြောင်း၍ ချောမွတ်နေသော ဆံပင်များကို တစ်စမှမကျစေရန် ဂရုတစိုက် နောက်သို့ စုလိုက်သည်။

ဘေးနားတွင် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူတို့ကို ရပ်ကြည့်နေပြီး ကတ်ကြေးတစ်လက်လှမ်ပေးပြီး ပြောလိုက်သည်။

"ကျန်းလော့ မင်းဆံပင်က ဘယ်လောက်ထိ ညှပ်မှာလဲ"

ကျန်းလော့သည် ခေါင်းစောင်းလိုက်ပြီး နောက်ကျောကို လှမ်းကြည့်လိုက်သည်။ တစ်နှစ်ကျော်ကြာပြီးနောက် သူ့ဆံပင်သည် အရင်ကထက် ရှည်လာကာ အရူးနှင့်ပင် တူနေပြီဖြစ်ပြီး ပုခုံးအောက်သို့ပင် ရောက်နေပြီဖြစ်သည်။ ၎င်းသည် သိပ်အဆင်မပြေသောကြောင့် ကျန်းလော့သည် အမြဲတမ်း သူ့ဆံပင်အရှည်ကြီးကို စုစည်းထားရသည်။ သို့သော် အခုအချိန်တွင် အဆင်မပြေတော့သလို ခံစားလာရသောကြောင့် ပုံမှန်အေးအေးသက်သာပြောလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now