အခန်း ၂၀၃

470 101 0
                                    

အပိုင်း (၂၀၃) အစ်ကိုဟေး

ကားနှစ်စီးသည် လမ်းတစ်လမ်းထဲ အချိန်အတော်ကြာသွားနေပြီးမှ လမ်းခွဲလိုက်ကြသည်။ ကားထဲမှ လေထုသည် အနည်းငယ်ထိုင်းမှိုင်းနေသောကြောင့် ဝမ်ယမ်လန်သည် လွန်ခဲ့သော ရက်များဆီမှ စိတ်အခြေအနေကို အနည်းငယ် ပေါ့ပါးလာစေရန် ကားမထွက်မီအထိ စောင့်၍ ကျန်းလော့ကို ကျီစယ်သော အကြည့်ဖြင့် တမင်သက်သက် ကြည့်လိုက်ကာ

"မင်း ဘာအတွက် ကားပေါ်က ဆင်းသွားရတာလဲ အကြောင်းပြချက်ပေး ဝှိုင်း.."

ချီယယ်နှင့် ယယ်ရွှင်တို့သည် ဝမ်ယမ်လန်၏ စကားကို ကြားပြီး ကျန်းလော့ကို ပြိုင်တူ လှည့်ကြည့်ကြသည်။

ကျန်းလော့သည် နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး

"ဘာကို ဘာကမှလဲ"

သူသည် လုယုံရိကို ကြည့်လိုက်ပြီး စနောက်ပျော်ပါးခြင်းကြောင့် လုယုံရိ၏ စိတ်အခြေအနေပိုဆိုးသွားမှာကို စိုးရိမ်နေခဲ့သည်။ ပူဆွေးဝမ်းနည်းနေသော လုယုံရိသည် ယခုအချိန်တွင် စိတ်အခြေအနေကောင်းလာပြီဖြစ်ကာ ကျန်းလော့ကို သိချင်စိတ်ဖြင့် ကြည့်လာသည်။

ဝမ်ယမ်လန်က အဓိပ္ပာယ်ပါပါ ပြောသည်။

"မင်းချီယုံနဲ့ သွားတွေ့တာ မဟုတ်ဘူးလား ချီယုံ့ကို ဘာပြောခဲ့တာလဲ"

ကျန်းလော့သည် ပေါ့ပါးစွာ ပြုံးလိုက်ပြီး

"မင်းကတော့ တကယ့်ကို မျက်စိတအားလျင်တာနော်"

ကျန်းလော့သည် ရှက်တတ်သော လူတစ်ယောက်မဟုတ်ပေ။ သူသာ တကယ်ဖြစ်လျှင် ပွင့်လင်းရိုးသားစွာ ဝန်ခံလိုက်မှာဖြစ်သည်။ သို့သော် ထန်ပိသည် ယခုလေးမှ သေဆုံးသွားပြီး နောက်ပြောင်လိုစိတ် ရှိမနေသည့်အပြင် သူသည် ထိုအကြောင်းကို ဝမ်ယမ်လန့်ကို ပြောမပြချင်ပေ။

အဘယ့်ကြောင့်ဆိုသော် ရှေ့တွင် သူဝမ်ယမ်လန့်ကို ပြောခဲ့သော စကားများကို မှတ်မိနေကာ ဝမ်ယမ်လန်မှ သူ့ကို ချီယုံနှင့် မည်သည့်အချိန် ပြတ်မှာလဲဟု မေးလာမှာကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ သို့သော် ဖြစ်လာမည့်အရာကို ကြောက်နေသည့် အရာကိုမှ ဝမ်ယမ်လန်က တည့်တိုးကြီး မေးချလိုက်လေသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now