အခန်း ၁၅၀

1.2K 203 2
                                    

အပိုင်း (၁၅၀) နာရီဝက်ကြာတိုက်ခိုက်ခြင်း

'ပူးပေါင်းမှုလား'

..........................

'ဟမ့်'

ကျန်းလော့သည် ကျိန်ဆဲသည့် စကားလုံးများကို ပြောမထွက်မိခင် ပြန်မြိုချလိုက်သည်။ ထို့နောက် အမူအယာမဲ့စွာ ပြောလိုက်သည်။

"ဟုတ်တယ် ပူးပေါင်းဖို့ပြောထားတာ"

ချီယုံသည် ပြုံးထေ့ထေ့ဖြင့် ပြောသည်။

"အင်း ဆက်ပြော"

ကျန်းလော့က ပြောသည်။

"မင်းရှာနေတဲ့လူက ကံကြမ္မာယုံသူ ဟုတ်တယ်မလား"

ချီယုံ့မျက်ခုံးများ မြင့်တက်သွားသည်။

"ဒါပေမဲ့ မင်းသူ့ကို အခု မတိုက်ခိုက်ချင်သေးဘူး "

ကျန်းလော့သည် လက်ပိုက်လိုက်ပြီး မျက်လုံးများကတော့ ချီယုံ့ကို စေ့စေ့စပ်စပ်ကြည့်နေကာ

"သူက မင်းမိသားစုရဲ့ ဘိုးဘေးကို ပင်မသွေးစက်အတွက် တစ္ဆေဆေးမှင်ကြောင်ပေးခဲ့တဲ့သူ ဟုတ်တယ်မို့လား"

"အိုး မင်းလေးက ကိုယ်တို့ပြောနေတာကို ခိုးနားထောင်ထားတာပေါ့"

ချီယုံသည် ကျန်းလော့စကားကို ကြားသည်နှင့် ချက်ချင်းသဘောပေါက်သွားသည်။

"မင်းရဲ့ ဟိုကြွက်နဲ့လား စောစောက ကောဝူချန်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ မထူးဆန်းတော့ပါဘူးကွာ"

ကျန်းလော့သည် သူ့ကို အာရုံလာလွှဲနေသော စကားများကို လစ်လျူရှုထားလိုက်ပြီး ဆက်ပြောသည်။

"မင်းရဲ့ ရည်မှန်းချက်က ကံကြမ္မာယုံသူကို သတ်ဖို့ ပြီးတော့လဲ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း သူ့ကို တော်တော် သဘောမကျနေဘူး ဒီတော့ ငါတို့မှာ တူညီတဲ့ပန်းတိုင်ရှိတယ် ဆိုတော့ ငါတို့ မသင့်မြတ်တာကို ခနဘေးဖယ်ထားပြီး ကံကြမ္မာယုံသူကို အရင်ရှင်းပစ်ကြရအောင်လေ"

ချီယုံသည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး

"မင်းအသတ်ချင်ဆုံးလူက ကံကြမ္မာယုံသူလား ကိုယ်လား"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now