အခန်း ၂၀၂

518 102 2
                                    

အပိုင်း (၂၀၂) အပြန်ခရီး စတင်ထွက်ခွာ

ထန်ပိသေဆုံးသွားသောအခါ ကျန်းလော့က ဝမ်းနည်းသွားရသော်လည်း ထိတ်လန့်မှုနှင့် ထင်ယောင်ထင်မှား ကြားယောင်နေသည်ဟုသာ ခံစားမိပြီး မည်သို့မှ အလွန်အမင်း တုံ့ပြန်မှု မရှိခဲ့ပေ။ ယခုအချိန်မှသာ သူ့ပါးစပ်မှ "ထန်ပိသေသွားပြီ" ဟု ပြောရသောအခါတွင် သူ၏ အာရုံခံစားမှုများသည် အစစ်အမှန်ကမ္ဘာထဲ ပြန်ရောက်လာကာ မြေပြင်ပေါ်သို့ ခွေကျသွားမတတ် ယူကြုံးမရဖြစ်ရသည်။

လုယုံရိသည် စိတ်ရှုပ်ထွေးစွာဖြင့် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ယခုအချိန်တွင် သူမည်သို့ ခံစားနေရသည်ကို ဖော်ပြဖို့ ခက်ခဲနေသည်။ သူသည် အိပ်မက်မက်နေသလိုဖြစ်နေပြီး သူ့ခြေထောက်များသည် မြေပြင်နှင့် မထိတွေ့မိတော့အောင် ပေါ့ပါးနေကာ သူ့ကိုယ်သူ လေထဲ လွှင့်နေသလို ကျန်းလော့စကားများ၏ အဓိပ္ပာယ်ကို မည်သို့မှ နားမလည်နိုင်ပေ။ အကြာကြီးကြာအောင် ဆွံ့အနေပြီးနောက် ထပ်ခါထပ်ခါ ပြန်မေးသည်။

"သူ သေသွားတာလား"

ကျန်းလော့သည် ရှေ့တိုးလာပြီး လုယုံရိကို ဖက်လိုက်သည်။ စက္ကန့်အနည်းငယ်လောက်ကြာအောင် တိတ်ဆိတ်သွားပြီး လူအုပ်ကြီးသည် ပေါက်ကွဲလာကြတော့သည်။ မေးခွန်းပေါင်းများစွာ ထွက်လာကြသည်။ ထိတ်လန့်မှုနှင့် စိုးရိမ်သောကတို့ဖြင့် ကျန်းလော့ကို မေးမြန်းနေကြပြီး လုယုံရိသည် နေရာတွင်ပင်တောင့်တင်း အေးခဲသွားကာ သူ၏ ဖြစ်တည်မှုပင် ပျောက်ကွယ်သွားသလို ဘာကိုမှ မတွေးနိုင်တော့သလို ဆွံ့အဝမ်းနည်းသွားရသည်။

'ထန်ပိက ဘယ်လိုလုပ်ပြီးသေသွားရတာလဲ'

လုယုံရိ သူ့ကို အခုထိတိုင်အောင် မရိုက်လိုက်ရသေးပေ။ သူတို့ကို သစ္စာဖောက်သည့်အတွက် အမှားရှာပြီး မဆူပူရသေးပေ။ လုယုံရိသည် တခြားသူများကို လိုက်ကြည့်သည်။

ယယ်ရွှင်နှင့်တခြားသူများသည် ထိတ်လန့်နေသော အမူအယာများဖြစ်နေကာ ထန်ပိသေဆုံးသွားသည်ကို မယုံနိုင်ကြသေးသည်မှာ ရှင်းလင်းနေသည်။ သူတို့အားလုံးသည် ထန်ပိနှင့် လအနည်းငယ်ခန့် အတူနေထိုင်ခဲ့ကြပြီး အားလုံး၏ ရင်ထဲတွင် ထန်ပိသည် နေရာတစ်နေရာရထားခဲ့လေသည်။ ထန်ပိက သူတို့အပေါ်တွင် အမှားလုပ်ခဲ့သည်ဆိုလျှင်ပင် သူသည် သူတို့ကို တကယ်တမ်းတွင် မည်သည့် ဒဏ်ရာ နာကျင်မှုမျိုးမှ ပေးခဲ့သူ မဟုတ်ပေ။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now