အခန်း (၁၇၁)

1.1K 196 4
                                    

အပိုင်း (၁၇၁) ကြားနာမှု အဆုံးသတ်

ချီယွမ်သည် ကြားနာခြင်း မစမှီတွင် သားဖြစ်သူကို မြင်လိုက်သည်။ ချီယွမ်သည် သားကို မကြည့်ရဲသောကြောင့် တခြားနေရာများသို့ အကြည့်လွှဲနေသည်။

ဌာနမှူးရှု၏ သက်သေများကို မချန်မလှပ် တစ်လုံးချင်း လေးနက်စွာ ပြောနေသံသည် ချီယွမ်နှင့် ချီကျုံးယဲ့တို့ကို ဓားတုံးတုံးနှင့် လှီးဖြတ်နေသလိုပင်။

ကျန်းလော့သည် သက်သေများကို ကြားပြီးနောက် ဌာနမှူးရှုကို အူလှိုက်သည်းလှိုက် ပြေးဖက်ချင်သွားသည်။ သူ့ကို ကြည့်လိုက်သည်နှင့် ကြားနာမှု တရားလိုနေရာတွင် ထိုင်နေကြသော လူငယ်လေးများသည် စိတ်သက်သာရာရသွားသည်။ သို့သော် မျှော်လင့်ချက် ကောက်ရိုးတစ်မျှင် ဆုပ်ကိုင်ထားသလို ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် ရှုတွမ့်သုန်းတစ်ယောက် အဓိကသက်သေကို မရှာမိသေးသည်ကို ကြားပြီးနောက် မျက်နှာမဲ့ပြလိုက်ကြသည်။

သူတို့နှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ပြီး ချီကျုံးယဲ့သည် အသံကို နှိမ့်၍ ပြောလိုက်သည်။

"ချီယွမ် ငါတို့ သဘောတူထားတာ ကို မမေ့သွားနဲ့နော်"

ချီယွမ်က အလျင်စလို ပြောသည်။

"အေးပါ အေးပါ စိတ်မပူနဲ့ ငါ့လက်ထဲမှာ အဆက်အသွယ်တွေ အများကြီးရှိပါတယ်ကွာ ပြီးတော့ မင်းလည်း ရုပ်သေးထိန်းချုပ်ပညာတတ်တာပဲကို ငါ လူသိများနေတာကို ရှောင်ဖို့ လနည်းနည်းလောက် စောင့်ပြီးရင် မင်းကို ဒီကနေထုတ်ဖို့ နည်းလမ်းတစ်ခု သေချာပေါက်ရှိပြီးသား"

"မင်းပြောတဲ့အတိုင်း လုပ်တာကောင်းမယ်"

ချီကျုံးယဲ့သည် ချီယွမ့်ကို တကယ်တမ်းတွင် မယုံသော်လည်း ယခုအချိန်တွင် မျက်စိမှိတ်ယုံလိုက်ရုံကလွဲ၍ တခြားနည်းလမ်း မရှိပေ။ သူတို့နှစ်ယောက်စလုံး အောက်ဆုံးထိ ကျသွားသည်ထက်စာလျှင် တစ်ယောက်ထဲကသာ အဖမ်းခံလိုက်လျှင် ပိုကောင်းမည်ဖြစ်ပြီး သူ့လက်ထဲတွင် ချီယွမ်ကြောက်သော အချက်အလက်များ ရှိနေသည်။

ထိုအတွေးဖြင့် စိတ်သက်သာရာရသွားခဲ့သော်လည်း မရေရာသော စိတ်ခံစားချက်တချို့ကတော့ သူ့ကို ခြောက်လန့်နေဆဲဖြစ်သည်။ တစ်ချိန်လုံး ချီကျုံးယဲ့သည် ချီယွမ့်စကားနားထောင်၍ ကျန်းလော့ကို လုပ်ကြံခဲ့မိသည်ကို နောင်တရနေခဲ့သည်။ တကယ်တမ်းတွင် သူသည် ကျန်းလော့ကို ငါးစာလုပ်၍ ချီယုံ့ကို ရှင်းပစ်ချင်ခြင်းဖြစ်သော်လည်း ချီယွမ်၏တိုက်တွန်းချက်ကြောင့် ယခု ဤနေရာတွင် ရပ်နေရခြင်းဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now