အခန်း ၁၉၃

598 116 1
                                    

အပိုင်း (၁၉၃) စကားတစ်ခွန်းတောင် ချန်ခဲ့ဖို့ ခွင့်မပြုဘူး

ကျန်းလော့၏ လက်ထဲမှ ဇွန်းသည် အနည်းငယ် ယိမ်းယိုင်သွားသော်လည်း ဘာမှမဖြစ်ဟန်ဖြင့် ကျန်းလော့သည် အစားသာ ဆက်စားနေသည်။

ဒီမနက်တွင် သူသွေးထပ်အန်ပြန်သည်။ သွေးအန်ခြင်းမှ နာကျင်မှုသည် ယနေ့ထိတိုင်အောင် မခံနိုင်အောင် ဖြစ်နေတုန်းဖြစ်ကာ ကျန်းလော့လက်ကို တူမကိုင်နိုင်တော့အောင် ဖြစ်စေသောကြောင့် သူသည် ဇွန်းနှင့်သာ စားသောက်နေရသည်။

ကျန်းလော့သည် ဖြည်းညင်းစွာ စားနေပြီး သူ့အမူအယာသည် အလွန်တင်းမာနေကာ နာကျင်လွန်းသောကြောင့် ဇွန်းကို တုန်ယင်မသွားအောင် ထိန်းချုပ်ပြီး ကိုင်စားနေရသောကြောင့် စားသောက်ခြင်းအပေါ်တွင်ပင် အပြည့်အဝ အာရုံမစိုက်နိုင်ပေ။

သူ၏ ကိုယ်ပိုင်ယုံကြည်မှုသည် သူ့အားနည်းချက်ကို တခြားသူများ မြင်အောင်ပြသဖို့ ခွင့်မပြုပေ။

တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်လှုပ်ရှားသွားပြီး

"ဘယ်တောင်ကြောလဲ"

ကောဝူချန်သည် တစ်ကိုယ်လုံး နှင်းများရွှဲနေပြီး ဖိနပ်များသည် ရွှံ့များဖြင့် ပေပွနေပြီး သူ့မျက်နှာသည် ပင်ပန်းနွမ်းနယ်နေကာ နေ့ရောညပါ ဒီကိုပြန်ရောက်ရန် ခရီးနှင်ခဲ့ပုံရသည်။ သူသည် ဝေ့ဟယ်ကို ပြုံးကြည့်လိုက်သော်လည်း မဖြေပဲ ချီယုံ့ကိုသာ ကြည့်နေသည်။

မကောင်းဆိုးဝါး၏ အကြည့်တို့သည် ကျန်းလော့ထံတွင်သာ ရောက်နေသော်လည်း ကျန်းလော့ကတော့ ကောဝူချန်စကားများကို မကြားသည့်နှယ် တည်ငြိမ်စွာ ဆက်၍ စားသောက်နေသည်။ သူ့ရှေ့မှ ထမင်းပန်းကန်က သူအသက်ကို ထိန်းသိမ်းပေးမည့် တောင်ထက် အရေးကြီးနေသည့်နှယ်။

ရက်အတော်ကြာအောင် ခန့်မှန်းမရသော စိတ်ခံစားချက်တို့နှင့် မကောင်းဆိုးဝါး၏ မျက်နှာသည် မှုန်မှိုင်းသွားကာ သူ့လက်ချောင်းများဖြင့် ဖိချလိုက်သောကြောင့် လက်ထဲမှ ဓားနှင့် ခရင်းသည် တွန့်လိမ်သွားပြီး မကောင်းဆိုးဝါးသည် ထိုဓားနှင့် ခက်ရင်းတို့ကို ပြန်ချ၍ လက်ကိုင်ပုဝါတစ်ထည် ယူကာ ကျက်သရေရှိစွာ လက်သုတ်နေပြီး နှုတ်ခမ်းပါးတို့သည် အပြုံးတစ်ခုအဖြစ် ကွေးသွားကာ အတော်လေး စိတ်ဝင်စားနေပုံဖြင့်

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now