အပိုင်း (၁၂၈) Role Play
ချီမိသားစုသည် တစ္ဆေဆေးမှင်ကြောင်ကို အလွန်မုန်းတီးနေကြပြီး ချီယုံသည် ထိုဆေးမှင်ကြောင်နှင့် ပတ်သက်၍ အလွန်ရှုပ်ထွေးသည့် ခံစားချက်များရှိသည်။ သို့သော် သူ၏ပန်းတိုင်သည် ထိုဆေးမှင်ကြောင်နှင့် ကျိန်စာများကို ဖယ်ရှား၍ လူသားတစ်ယောက်အဖြစ် နေထိုင်ရန် ဖြစ်သည်။
သူသည် တစ္ဆေတစ်ကောင် ဖြစ်မလာချင်ပေ။ သို့ရာတွင် အနာဂတ်သည် သူ့ကို စိတ်ပျက်စေသည်။ နောက်နှစ်များစွာ ကြာပြီးလျှင် သူဆိုသည့် ချီယုံသည် လူသားတစ်ယေဦက်မဟုတ်တော့ဘဲ ရူးသွပ်၍ လှည့်ဖျားကောက်ကျစ်သော မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ဖြစ်လာတော့မည်။
ချီယုံသည် ယူနီဖောင်းဝတ်သခင်လေး၏ ခြေထောက်မှ ရုန်းထွက်လိုက်ပြီး ခြေထောက်ထောက်လိုက်ကာ
မင်းက လူသားမဟုတ်တော့ဘူး"
ယူနီဖောင်းဝတ်သခင်လေးသည် သစ်ပင်ကြီး၏ တစ်ဖက်ကိုကြည့်လိုက်ရာ အမှောင်ထဲတွင် ညငှက်များသည် သစ်ကိုင်းခြောက်များပေါ်တွင် နား၍ သူတို့ကို စောင့်ကြည့်နေသည်။
သေစေနိုင်လောက်အောင် အကြာကြီး တိတ်ဆိတ်နေပြီး ရုတ်တရက် ပျော်ရွှင်စွာ အကျယ်ကြီးရယ်ချလိုက်ကာ ပြောသည်။
"ဘယ်လောက်တောင် ကြမ်းတမ်းလိုက်တဲ့ အတွေးအခေါ်လဲကွာ"
သူကပြောသည်။
"သေခြင်းကပဲ ငါ့ကို ပြန်ရှင်သန်လာစေတာကွ"
.....................
ကျန်းလော့သည် ရေကန်ဆီသို့ စာရွက်နှင့် ဘောလ်ပင်န်ယူပြီး ပြန်ရန်အချိန်ကျပြီဟု တွေးလိုက်သည်။
သူရောက်သွားချိန်တွင် ချီယုံသည် မြေပြင်ပေါ်မှ ထရပ်နေပြီးဖြစ်ကာ သွေးများရွှံ့များနှင့် ညစ်ပတ်နေသည်မှ လွဲ၍ မျက်နှာပေါ်တွင် နာကျင်မှု၏ အရိပ်အယောင် မမြင်ရတော့ပေ။ သူသည် ကျန်းလော့ကို ပြုံးပင်ပြုံးပြလိုက်ပြီး စာရွက်နှင့် ဘောလ်ပင်န်ကို လှမ်းယူလိုက်ကာပြောလိုက်သည်။
"ကျေးဇူးပါပဲ သခင်လေးကျန်း"
သူပြောပြီးနောက် ချီထျန်စီသို့ လျှောက်သွားလိုက်သည်။
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။