အခန်း ၁၈၀

750 137 0
                                    

အပိုင်း (၁၈၀) အေးခဲနေသော အချိန်အပိုင်းအခြား

ကျန်းလော့၏ နှလုံးသားသည် ရယ်ချင်စိတ်ဖြင့် လှုပ်ရှားသွားသော်လည်း သူ့မျက်ခုံးများကို ကုတ်ထားပြီး ချီယုံ့ကို ရှောင်၍ အပြင်ထွက်ဖို့ ကြိုးစားနေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို ချီယုံ့က ကြမ်းတမ်းစွာဖြင့် နံရံကို ဆွဲကပ်ခြင်း ခံလိုက်ရသည်။

ချောမောသော မကောင်းဆိုးဝါးသည် ဆံပင်အနက်ရောင်ကောင်လေးကို တစ်ကိုယ်လုံးဖြင့် ဖိထားပြီး ကောင်လေးကို သူ့အရိပ်အောက်မှာ ကျရောက်နေစေသည်။ ချီယုံသည် ကျန်းလော့ သူ့ရှေ့တွင်တောင်း၍ ဆံပင်စည်းလိုက်သော ခေါင်းစည်းကြိုးကို ဖြည်ချပစ်လိုက်ပြီး ခေါင်းစည်းကြိုးကို တစ်ချက်ထဲနှင့် ဖျက်ဆီးပစ်လိုက်သည်။ ကျန်းလော့ ဆံပင်များ ပုခုံးထက် ကျဆင်းလာကာမှ ကျေနပ်သွားသလို မျက်နှာထား ဖြစ်သွားသည်။

ဆံချည်မျှင်တချို့သည် ကျန်းလော့ မျက်လုံးထောင့်နားသို့ ဝဲကျသွားပြီး မကောင်းဆိုးဝါး၏ မျက်လုံးများသည် ဆံနွယ်များ ဝဲကျနေရာသို့ ကြည့်လိုက်သည်။ ကျန်းလော့ နားရွက်ဖျားမှ ကျန်းလော့ လိပ်ပြာရိုးထိ ကျဆင်းသွားပြီး မကောင်းဆိုးဝါး၏ မျက်လုံးများသည် မှောင်မိုက်သွားတော့သည်။ မကောင်းဆိုးဝါးကပြောသည်။

"မင်းအခုထိ ပြန်မဖြေရသေးဘူး"

ကျန်းလော့က အေးစက်စွာ ပြောသည်။

"ငါက မင်းကို ဘာလို့ နွေးနွေးထွေးထွေး ဆက်ဆံရမှာလဲ"

ကျန်းလော့၏ လှုပ်ရှားမှုတိုင်းကို ချီယုံ့မျက်လုံးများက သံလိုက်လို လိုက်ကပ်နေပြီး မျက်လုံးထဲတွင် စိတ်မရှည်မှုများ ပြည့်နှက်နေသည်။ အနှေးရုပ်ရှင်ကို တစ်ကွက်ချင်း ကြည့်နေရသလို ကျန်းလော့၏ လှုပ်ရှားမှုတိုင်းကို သူတော်တော် စိတ်မရှည်ဖြစ်လာသည်။ ချီယုံသည် ဆံပင်တစ်မျှင်ကို ကိုင်လိုက်သည်။ ကျန်းလော့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး စုတ်သပ်လိုက်ကာ

"မင်း ငါ့နောက် လိုက်နေတာလား"

စိတ်ဆိုးမာန်ဆိုးနှင့် ဆူပူနေသော အသံဖြင့် ပြောလိုက်သည်။ သို့သော် ထိုစကားများ အပြင်သို့ အသံထွက်သွားသည့်အချိန်တွင် သူတို့နှစ်ယောက်လုံး သတိထားမိလိုက်သည်။ ထိုစကားသံသည် သူတို့နှစ်ယောက်ကို ချိုမြိန်သော သကြားလုံး အလွှာတစ်လွှာ အုပ်မိုးလိုက်သလို ချိုမြိန်မှုများ ပြည့်နှက်နေလေသည်။ ချီယုံသည် ကျန်းလော့လက်ကို လွှတ်မပေးပေ။ သို့သော် ကျန်းလော့မျက်နှာပေါ်သို့ ကျလာသော ဆံပင်များကို နဖူးထက်သို့ ထပ်၍ သပ်တင်ပေးလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now