အခန်း ၂၀၆

532 88 2
                                    

အပိုင်း (၂၀၆) ကျိယောင်ဇီ၏မိခင်

ကျန်းလော့သည် အချက်အလက်များကို သိပ်မကြာခင်မှာပင် ဖတ်၍ ပြီးသွားလေသည်။

ကျိယောင်ဇီသည် ကျေးလက်ဒေသတွင် တောင်ယာလုပ်ငန်းလုပ်သော အမျိုးသမီးတစ်ဦးမှ မွေးဖွားခဲ့သည်။ ကျိယောင်ဇီ အသက်သုံးနှစ်အရွယ်တွင် သူ့မိခင်သည် ရေနစ်ပြီး သေဆုံးသွားခဲ့သည်။ ကျိယောင်ဇီသည် မိခင်တစ်ဦးသာရှိပြီး တခြားသော မိသားစု မရှိရာ မိခင်ဆုံးသွားပြီးနောက် သူသည် မိဘမဲ့ကျောင်းသို့ ရောက်သွားတော့သည်။

ကျိယောင်ဇီသည် ထိုမိဘမဲ့ကျောင်းတွင် ငါးနှစ်အရွယ်ထိ နေခဲ့ရသည်။

ကျိယောင်ဇီကို တာအိုဘုန်းတော်ကြီး တစ်ပါးမှ တပည့်အဖြစ်လက်ခံခဲ့ပြီး ကျိယောင်ဇီ လူ့လောကတွင် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် တစ်ယောက်အဖြစ် ပြန်၍ ထွက်ပေါ်လာခဲ့သည်။

"ကျိယောင်ဇီက ကျောင်းမနေခဲ့ဘူး ဆိုတော့ကွာ သူ့အချက်အလက်တွေက ဒီထက်ပိုရဖို့ မဖြစ်နိုင်တော့ဘူး"

သို့သော် ကျိယောင်ဇီ၏ သတင်းအချက်အလက်များကို ကြည့်လျှင် တစ်ခုခုမှားနေသည်ကို လုံးဝ မတွေ့ရပေ။

သို့ရာတွင် ကျိယောင်ဇီနှင့်ဖုန်းလီတို့သည် အချင်းချင်း သိနေကြသည့်အပြင် သူတို့သည် ကံကြမ္မာယုံသူနှင့် တာအိုဆရာတော် ဝေ့ဟယ်တို့နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိနေကြသည်။

သူသည် ကံကြမ္မာယုံသူ၏ ဟောကိန်းအကြောင်းအပါအဝင် အရာအားလုံးကို သိနေခဲ့ပြီး ကံကြမ္မာယုံသူအကြောင်းကို ကောင်းကောင်း သိနေကြသောကြောင့်သာ သူ့ကို သံသယဝင်လာရခြင်း ဖြစ်သည်။

သိလာရသမျှ မြင်လာရသမျှ အကြောင်းများကို အခြေခံကြည့်လိုက်လျှင် ကျိယောင်ဇီသည် အလွန်နက်ရှိုင်းသော အတိတ် (သို့မဟုတ်) နောက်ကြောင်း ရှိနေသော လူတစ်ယောက်ဖြစ်သည်။

သို့သော် ကျန်းလော့ကို အလွန်စိတ်ဝင်စားသွားစေသော အချက်မှာ ချီယုံ လျန်မိသားစုကို မွှေနှောက်နှိပ်စက်သည့်နေ့ကဖြစ်ပြီး လျန်မိသားစုဝင်အားလုံးသည် ချီယုံ၏ ဖမ်းဆီးခြင်းကို ခံကြရသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now