အခန်း ၁၃၉

1.8K 267 8
                                    

အပိုင်း (၁၃၉) မိုက်တယ်ဟ

ကျန်းလော့စာရေးလို့ ပြီးသွားသောအခါ သူသည် မသိမသာ ပြုံးလိုက်ပြီး အရင်ကနှင့် မတူတော့သည့် တခြားလူတစ်ယောက်ဖြစ်သွားသလို ပြောလိုက်သည်။

"ဒီစိတ်ဆန္ဒက မညစ်ပတ်လွန်းဘူးလား"

"ဂျွတ်"

စာသင်တုတ်သည် လက်အိတ်ဝတ်ထားသော လက်၏ ဆုပ်ကိုင်မှုကြောင့် ဂျွတ်ခနဲ ထက်ပိုင်းကျိုးသွားသည်။ ငယ်ရွယ်ချောမောသော ဆရာ၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားပြီး တဖြည်းဖြည်း မျက်နှာသေကြီး ဖြစ်လာသည်။ စာသင်ခန်းထဲတွင် ဖိအားတစ်ခု လွှမ်းမိုးသွားသည်။

ကျန်းလော့၏ ပုံစံသည် အေးအေးဆေးဆေးဖြစ်နေကာ သူ့မျက်လုံးများသည် ထက်ရှလာပြီးပြုံးနေပုံပေါ်သည်။ အခုအချိန်တွင် ထိုမျက်လုံးများသည် တဖြည်းဖြည်း ပို၍ အေးစက်လာကာ ကမ္ဘာပေါ်မှ လူများနှင့် အလှမ်းကွာနေသော နတ်ဘုရားတစ်ပါးဖြစ်နေသလိုပင် တည်ငြိမ်နေသည်။

ချီယုံသည် ထက်ရှစွာ ရယ်လိုက်ပြီး

"ညစ်ပတ်တယ်တဲ့လား"

အရယ်ရပ်လိုက်ပြီး ခက်ထန်သောအသံဖြင့် ထပ်ပြောလိုက်သည်။

"ညစ်ပတ်တယ်တဲ့လား"

ကျန်းတော့နှလုံးသားသည် ပျော်လွန်းလို့ ပေါက်ထွက်တော့မလိုတောင် ခံစားရသည်။

'အွန်း အွန်း မင်းက ညစ်ပတ်တယ် သေလောက်အောင် ညစ်ပတ်တယ်'

မကောင်းဆိုးဝါးသည် ကျန်းလော့ကို သူ့ခေါင်းပေါ်မှာ တိမ်မည်းကြီးအုပ်နေသလို ကြည့်၍ လက်ထဲတွင် ကျန်နေသော စာသင်တုတ်တစ်ပိုင်းဖြင့် ကျောက်သင်ပုန်းကို တုတ်နဲ့ပုတ်လိုက်ပြီး

"သနားစရာကောင်းလိုက်တဲ့ ကျန်းလော့လေး မင်းအခုချိန်ထိ အဖြေမမှန်သေးဘူးပဲ"

ကျန်းလော့သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ချီယုံက ပြောသည်။

"မင်းဘယ်လိုဖြစ်လို့ 'အချစ်ကိစ္စလုပ်တာ'လို့ ကြမ်းကြမ်းတမ်းတမ်းကြီး ပြောနိုင်ရတာလဲ ဒီဆရာက အိပ်ရာဝင်ဖို့ပဲ ပြောခဲ့တာပါ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now