အခန်း ၁၅၈

1K 199 2
                                    

အပိုင်း (၁၅၈) စကားပြောခန်း

'ကုတင်အောက်က ပိုင်ယဲ့ဖုန်းရဲ့အလောင်းတဲ့လား'

'ဒါဆို ရေချိုးခန်းထဲမှာ ရေချိုးနေတာက ဘယ်သူတုန်း'

..........................

ကျန်းလော့သည် နားထင်များ တဒိန်းဒိန်းမြည်အောင် ကိုက်လာပြီး စိတ်တိုလာသည်။ ထို့နောက် သက်ပြင်းချလိုက်ကာ ကုတင်အောက်မှ အလောင်းကို ကြည့်ရန် ကုန်းလိုက်သည်။ သို့သော် ထိုအချိန်တွင် ရေချိုးခန်းတံခါးပွင့်လာကာ ပိုင်ယဲ့ဖုန်းထွက်လာပြီး သိချင်စွာ မေးလိုက်သည်။

"ဟန်နီ အဲ့နားမှာ ဘာရပ်လုပ်နေတာလဲ"

ကျန်းလော့သည် သူ့ကို လှည့်ကြည့်လိုက်သည်။ ပိုင်ယဲ့ဖုန်းသည် ချီယယ်နှင့်အပြိုင် ပြည်နယ်ပြိုင်ပွဲတွင် နာမည်ကြီးခဲ့သော ပါရမီရှင်ဖြစ်သည့်အပြင် ချီယုံ့၏ နှစ်ရှည်လများကြာအောင် ရုပ်သေးအဖြစ် ပထမဆုံး ထိန်းချုပ်ခံခဲ့ရသူ ဖြစ်သည်။ ယခု သူသည် သရဲဖြစ်ဖြစ် လူဖြစ်ဖြစ် ကျန်းလော့အပေါ်တွင်တော့ ရက်စက်မည့်ပုံမရှိနေပေ။ သူက ကျန်းလော့နှင့် အတူ ငြိမ်းငြိမ်းချမ်းချမ်းနေချင်၍ အသက်ရှင်ဟန်ဆောင်နေချင်မှတော့ ကျန်းလော့သည်လည်း ဉာဏ်ရှိစွာပင် သူ့ကို ဖော်ထုတ်ဖို့ မသင့်တော့ပေ။

သို့သော် ဤနေရာသည် အိပ်မက်ကမ္ဘာဖြစ်ပြီး သေခြင်းတရားသည် တကယ့်သေခြင်း မဟုတ်ပေ။ တကယ်သေမှာ မဟုတ်သောကြောင့် ကျန်းလော့၏ အသက်ရှင်ချင်စိတ် ပြင်းပြမနေတော့ပဲ ကျန်းလော့သည် ပိုင်ယဲ့ဖုန်းကို စမ်းသပ်ချင်လာသည်။ သို့သော် ချီယုံက သူ့ကို အဘယ့်ကြောင့် ဤအိပ်မက်ထဲ ဆွဲသွင်းလာရသလဲ ဆိုသည့် အကြောင်းပြချက်ကို မသိရသေးသောကြောင့် ပိုင်ယဲ့ဖုန်းကို ဖော်ထုတ်မည့် အကြံကို လက်လျော့လိုက်ရသည်။

"ဘာမှ မလုပ်ပါဘူး"

ကျန်းလော့သည် ပြုံး၍ နောက်ထပ် သဘက်တစ်ထည်ယူ၍

"ကျွန်တော်လည်း ရေသွားချိုးတော့မယ် ဒါနဲ့ ယဲ့ဖုန်း ရေချိုးခန်းထဲမှာ ဘာမှ မရှိဘူးမို့လား"

ပိုင်ယဲ့ဖုန်းသည် သေချာစွာပြောသည်။

"အထဲမှာ ဘာမှမရှိပါဘူး စိတ်မပူပါနဲ့ တစ်ခုခုမှားနေရင် ကိုယ့်ကို အော်ခေါ်လိုက် ကိုယ်မင်းကို ချက်ချင်းလာကယ်မယ် ဟုတ်ပြီလား"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now