အခန်း ၁၂၄

1K 163 0
                                    

အပိုင်း (၁၂၄) ကျွန်တော် မျိုချလို့မရဘူး

ချင်းယွင်နှင့် လျန်ရွှီတို့သည် သူတို့မအိပ်ခင် လိရှောင်းကို နှစ်သိမ့်ပြီး လိရှောင်းအရင် အိပ်ပျော်သွားကာမှ အိပ်ရာဝင်ဖို့ ပြင်ဆင်ကြတော့သည်။

လျန်ရွှီက ပြောသည်။

"ချင်းယွင် ငါအပြင်ဘက်ပိုင်းမှာ အိပ်လိုက်မယ်"

အပြင်ဘက်ပိုင်းသည် တံခါးနှင့် နီးပြီး အလွန်အန္တာရာယ်များသည့် ကိစ္စဖြစ်လာလျှင် အပြင်ဘက်ပိုင်းတွင် အိပ်သောလူသည် အန္တာရာယ်အများဆုံးဖြစ်သည်။ ချင်းယွင်က ပြောသည်။

"ငါပဲ အပြင်ဘက်မှာ အိပ်လိုက်မယ်"

လျန်ရွှီထပ်ပြောမှာကို မစောင့်တော့ဘဲ ကုတင်အစွန်းဘက်ပိုင်းတွင် အရင်ဦးအောင်ဝင်အိပ်လိုက်သည်။ ချင်းယွင်သည် လျန်ရွှီကို စိတ်ကြီးဝင်စွာကြည့်လိုက်၍ သတိကပ်၍ ကြက်အိပ်ကြက်နိုးသာအိပ်နိုင်သည်။ သူမကို တုကောက ညသန်းခေါင်တွင် တွေ့ဖို့ပြောထားတာကို ကိုယ့်ကိုယ်ကို သတိပေးနေပြီး အိပ်မပျော်တပျော်အိပ်နေသည်။

တုကောသည် နေ့လည်က သူမကို တစ်ခုခုပြောစရာရှိသည်ဟုပြောပြီး ညဘက်တွင် ထွက်လာရန် ချိန်းဆိုခဲ့သည်။ ချင်းယွင်သည် တုကောကို လိုက်လာသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး သူ့အရင်တွင် ကောင်လေးအများကြီးနှင့် တွဲခဲ့ဖူးသူဖြစ်သည်။ သို့သော် သူမတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုရှိသည်။ သူမအတွက် တစ်စုံတစ်ခုကို မရလေလေ ပို၍ လိုချင်လေဖြစ်ပြီး တအားကြိုးစားသည်။ ထို့ကြောင့် တုကောက သူမကို လစ်လျူရှုလေလေ သူမအတွက် သူက ပိုဆွဲဆောင်မှုရှိလာလေဖြစ်ပြီး တုကောကို မရရအောင်လိုက်တော့သည်။

သို့သော် ချင်းယွင်သည် စိတ်အပြောင်းအလဲလွယ်သောသူတစ်ယောက်လည်း ဖြစ်သေးသည်။ စံအိမ်ပိုင်ရှင်ကို မြင်သောအချိန်တွင် သူမသည် စံအိမ်ပိုင်ရှင်ကို သဘောကျသွားခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့ပုံစံမှာ သံသယဝင်စရာကောင်းနေသောအခါ ချင်းယွင်စိတ်သည် တုကောထံသို့ ပြန်ရောက်သွားပြန်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now