အခန်း ၁၂၁

1.2K 159 3
                                    

အပိုင်း (၁၂၁) မှန်ဝင်္ကပါလောကဆီသို့

ကျန်းလော့ အံ့အားသင့်သွားသည်။ ချီယုံ့ကို အပေါ်အောက်ကြည့်၍ ရုတ်တရက် မျက်လုံးများပါ ပြုံးလာတော့သည်။

"မင်း မဟုတ်မှလွဲရော...."

တစ်ဝက်တစ်ပြတ်သာပြောပြီး ဆံပင်အနက်ရောင် လူငယ်လေးသည် ဆက်မပြောပဲ တမင်တကာ ရပ်လိုက်ရာ ချီယုံက ဘာမှမထူးဆန်းသလို မေးလိုက်သည်။

"ဘာဖြစ်လဲ"

ကျန်းလော့သည် ရယ်မောလိုက်ပြီး ချီယုံ့ကို စနောက်လိုစွာကြည့်၍ ပြောသည်၊

"ငါက အကြီးအကဲတွေနဲ့ တွေ့ဖို့မလိုဘူးလေ အဲ့တော့ ငါ့မှာအဲ့တာတွေ ရှိစရာမလိုဘူး"

ချီယုံ့မျက်နှာထားသည် စောတုန်းကအတိုင်း မပြောင်းလဲပေ။

"ကောင်းပြီလေ"

သို့သော် အကြည့်များကတော့ဖြင့် ကျန်းလော့၏ လည်ပင်းမှ မလွှဲနိုင်သေးပေ။

သူဘာမှမသိလို့မဟုတ်ဘဲ တကယ်ကို ဘာလုပ်မှန်းနားမလည်သောကြောင့် ဖြစ်သည်။ ချီယုံသည် ကျန်းလော့ကို ပြန်၍ ယားယံပြီး သူ့ကဲ့သို့ လည်ပင်းတွင် အမှတ်နီနီများ ပြန်လုပ်ချင်နေတာပဲ သိသည်။

နောက်ဆုံးတွင် အရာအားလုံးသိပြီး အရွယ်ရောက်နေသော ယောက်ျားတစ်ယောက်နှင့် ဘာမှမသိသေးသော ဆယ်ကျော်သက်ကလေး၏ ကွာခြားချက်မှာ ဒါပင်ဖြစ်သည်ဟု ချီယုံက သက်သေပြသွားလေသည်။

တကယ်တမ်းတွင် ကျန်းလော့သည် ထိုကိစ္စများတွင် အကင်းပါးပါး မတုံ့ပြန်နိုင်ပေ လူများ သူ့ကို ဘယ်လိုထင်၍ ဘယ်လိုပြောနေလဲလည်း သူဂရုမစိုက်သလို စိတ်လည်းမဝင်စားပေ။ သို့သော် မှန်လောကအပြင်ဘက် ချီယုံနှင့် ပတ်သက်မိချိန်မှစ၍ ကျန်းလော့သည် ချီယုံ၏ ခံစားချက်အကူအပြောင်းကို သိသိသာသာ ဂရုစိုက်လာမိသည်။

'နတ်ဘုရားအပေါင်းတို့..............'

'ဒီဆယ်ကျော်သက်ချီယုံကတော့ ကျွန်တော့အပေါ် ဒီလိုအတွေးမျိုး မရှိလောက်ပါဘူးနော်'

ပထမအကြိမ်တပည့်ဖြစ်ခဲ့ပြီး နောက်လည်းတပည့်ပဲ ဖြစ်နေသေးသည့် ကျန်းလော့သည် ပထမဆုံးအကြိမ်ကို မယုံနိုင်၍ ရွံရှာစက်ဆုပ်ခဲ့သော ခံစားမှုသည် ယခုအခါ ထူးဆန်းသော မရေရာသည့် ခံစားချက်အဖြစ် ကူးပြောင်းသွားသည်ကို အံ့အားသင့်ဖွယ် သိလိုက်ရသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now