အခန်း ၁၉၆

673 105 0
                                    

အပိုင်း (၁၉၆) သေရွာပြန်လာပြီး အသက်ရှင်ရတာ မွန်းကြပ်လာ

ထန်ပိသည် ရှေ့ဆုံးမှ ကင်းထောက်ပြီး သူတို့အားလုံးသည် မျက်လုံးများမှိတ်၍ စမ်းတဝါးဝါးဖြင့် နံရံကို ကိုင်၍ ရှေ့မှလူ၏ အဝတ်စကိုဆွဲကာ ဂရုတစိုက် တစ်လှမ်းချင်း သွားကြလေသည်။

လူသုံးယောက်သည် အောက်ဆုံးထစ်သို့ မရောက်မချင်း တွဲလောင်းချိတ်ထားသော စိတ်ဝိညာဉ်လှေကား၏ သက်ရောက်မှုမခံခဲ့ရပေ။ တွဲလောင်းချိတ်ထားသော လှေကားမှ ဆင်းလာပြီးနောက် နေရာသည် ကျယ်ပြန့်သွားပြီး ပတ်ပတ်လည်မှ ရွှံ့နံရံများသည် ကျောက်တုံးနံရံများ ဖြစ်လာသည်။

သူတို့ရှေ့တွင် ကျယ်ဝန်းပြီး စက်ဝိုင်းပုံ အခန်းကျယ်ကြီး တစ်ခု ရှိသည်။ အထဲတွင် ရှေးဟောင်း ပရိဘောဂများရှိနေပြီး များပြားလှသော ရှေးဟောင်း အသုံးအဆောင်များသည် တစ်ချက်ထဲ ကြည့်လိုက်ရုံဖြင့် ငွေကြေး အမြောက်အများ တန်ကြေးရှိကြောင်း သိနိုင်ပေသည်။

အခန်းကျယ်ကြီးကို ရှေးခေတ် ဧည့်ခန်းကျယ်အတိုင်း ပြင်ဆင်ထားပြီး ပရိဘောဂ တစ်ခုချင်းစီတိုင်းသည် ရွှေစင် ထောင်ချီတန်ပြီး အပြင်ထုတ်ရောင်းလိုက်သည်နှင့် ချက်ချင်း ငွေမြင်ရနိုင်သည့် ပစ္စည်းများ ဖြစ်သည်။

ဟောခန်းကျယ်၏ နောက်ဘက်တွင် ကာရံတူလင်္ကာတစ်စုံကို ထွင်းထုရေးထားသည့် ကျောက်သားတံခါးနှစ်ချပ် ရှိလေသည်။

ဘယ်ဘက်တံခါးတွင် ရေးထားသည်မှာ

"သေခြင်းတရားသည် ယခုချိန်ထိ မဖြစ်ပွားသေး"

ညာဘက်တံခါးတွင်

"တစ်စုံတစ်ယောက်သည် ဧည့်ဟောခန်းမကျယ်ကို ဝင်ပြီးလျှင် အသက်ရှင်ရန် မျှော်လင့်နိုင်သေးသည်"

ကျန်းလော့သည် ထိုစာနှစ်ကြောင်းကို ဖတ်ပြီးနောက် သေချာတွေးကြည့်ပြီး ပြောသည်။

"ဟေးဒီးစ်ရဲ့ဧည့်ခန်းမ" (ယန်ဝမ်ရဲ့ဧည့်ခန်းမ လို့ပြောရင် ပိုမှန်မယ် ထင်ပါတယ် ဒါပေမဲ့ သူက ဟေးဒီးစ်လို့ ရေးထားလို့ပါ)

ထန်ပိသည် နောက်လှည့်လာပြီး သံသယဝင်စွာ ကျန်းလော့ကို ကြည့်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now