အခန်း (၁၇၀)

1.1K 193 3
                                    

အပိုင်း (၁၇၀) ရုပ်လေးမဆိုးတဲ့ သောက်ရူး

ညလယ်ကြီးတွင် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်တွင် မိုးရွာနေသည်ကို မြင်နေရသည်။ ဆောင်းရာသီ၏ မိုးစက်များသည် ရေခဲတုံးများလို အေးစက်နေသည်။ ကျန်းလော့သည် မိုးသံများကြောင့် နိုးလာပြီး ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ဆံပင်ရှည်များသည် လည်တိုင်တစ်ဝိုက်တွင် ရစ်ပတ်ကျဆင်းနေသည်။

ကျန်းလော့သည် အိပ်ရာမှနိုးလာပြီး ခြောက်သွေ့နေသောကြောင့် အိပ်ရာပေါ်မှထကာ ဧည့်ခန်းသို့သွား၍ ရေငှဲ့သောက်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် သူ့ကိုယ်ပေါ်တွင် အင်္ကျီစဆွဲ၍ လိုက်လာသောကြောင့် တန်းလန်းလေးဖြစ်နေကာ အိပ်ချင်မူးတူးနှင့် ပြောလိုက်သည်။

"ဖေဖေ ကလေးလေးလည်း နည်းနည်း ရေငတ်လာသလိုပဲ "

ဂျင်ဆင်းကလေးလေးသည် ပထမဆုံးအကြိမ်အဖြစ် ဆောင်းတွင်းကို လူ့အသိုင်းအဝိုင်းတွင် ကုန်ဆုံးတာ ဖြစ်ပြီး အပူဒဏ်ကို အခုမှ စ၍ ခံစားဖူးတာ ဖြစ်သည်။ နွေးထွေးခြင်းသည် အားလုံးအတွက်ကောင်းမွန်သော်လည်း အနည်းငယ်တော့ ခြောက်သွေ့စေသည်။ ကျန်းလော့သည် သူ့အတွက် ရေတစ်ဖန်ခွက်ငှဲ့၍ စားပွဲပေါ်တင်ပေးလိုက်သည်။ ဂျင်ဆင်းလေးသည် ရေကို ဖြည်းဖြည်းချင်းသောက်သည်။

ရေများသည် လည်ချောင်းထဲသို့ ဖြည်းဖြည်းချင်း ကျသွားပြီး အနည်းငယ် စိုစွတ်သွားစေသည်။ ဧည့်ခန်းထဲမှ စားပွဲသည် အခုအချိန်အထိ မရှင်းလင်းရသေးကာ ဟင်းပွဲလက်ကျန်များသည် အေးစက်ပြီး ဆီများဝေ့နေသည်။ ဂျင်ဆင်းကလေးလေးသည် ရေတစ်ခွက်လုံး ကုန်အောင်သောက်ပြီး အနည်းငယ် အားပြန်ပြည့်လာသည်။ ထို့နောက် ကျန်းလော့ လက်ချောင်းကို နှုတ်ခမ်းမွှေးနှင့် ပုတ်၍ လေသံလေးနှင့် ပြောသည်။

"ဖေဖေ တံခါးရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ်"

ကျန်းလော့သည် တံခါးကို ကြည့်၍ ပျင်းရိစွာ ထရပ်လိုက်က..။

"ဒီမှာ ငြိမ်ငြိမ်လေးနေ'

သူသည် တံခါးနားသွား၍ ဖိနပ်ဗီရိုထဲမှ အိတ်ဆောင်ဓားလေးထုတ်လိုက်သည်။ ဓားအိမ်ကို ချွတ်၍ လက်ထဲတွင် တင်းတင်းကိုင်ထားကာ ချောင်းကြည့်ပေါက်မှ အပြင်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် မှောင်မည်းနေပြီး ဘာမှ မမြင်ရပေ။ သို့သော် ဂျင်ဆင်းလေးက အပြင်မှာ တစ်ယောက်ယောက်ရှိနေသည်ဟု ပြောသည်။ ထို့ကြောင့် သေချာပေါက် တစ်စုံတစ်ယောက်တော့ ရှိရမည် ဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now