အခန်း ၂၀၈

622 89 0
                                    

အပိုင်း (208) ချီယုံ့နောက်ကျော

ညဘက်တွင် လမ်းလျှောက်နိုင်သော ပလက်ဖောင်းများတွင် လူများစည်ကားနေပြီး မြို့ပြ၏ အလင်း‌ရောင်ကြောင့် လ‌ရောင်ပင် မှေးမှိန်နေသည်။

ဝေဝေဝါးဝါးသာ ကြားရ‌သော သီချင်းသံများသည် ဘားအတွင်းမှ ပျံ့နှံ့လာသည်။ ချောမောလှပသော ယောက်ျားမိန်းမ အများအပြား ဝင်ချည်ထွက်ချည်ဖြင့် ဝင်ထွက်နေကြသည်။ ဘားအဝင်စတွင် ကားများရပ်၍ ချက်ချင်းပြန်မောင်းထွက်သွားတာမျိုးလည်း ရှိသည်။

ကျန်းလော့နှင့် ဝမ်ယမ်လန်တို့သည် ဘားထဲသို့ မသိမသာ လျှောက်ဝင်သွားကြသည်။

ကျန်းလော့သည် တံခါးမှ ဝင်ပြီးပြီးချင်း ခြေလှမ်းရပ်သွားသည်။ ကြမ်းပြင်တွင် မြူထနေသော တစ္ဆေအရှိန်အဝါများကို မြင်လိုက်ပြီး ထိုတစ္ဆေအရှိန်အဝါများသည် နီရဲတောက်နေကာ ဤဘားတွင် တစ္ဆေသရဲများ ပုန်းအောင်းနေသည်မှာ သေချာသလောက်ပင်။

တစ္ဆေသရဲများမဟုတ်လျှင် ကြောက်မက်ဖွယ် စွမ်းအားကောင်းသော လူများစွာကို အန္တာရာယ်ပေးနေသော တစ္ဆေတစ်ကောင်ဖြစ်မည်။

ကျန်းလော့သည် တစ္ဆေအရှိန်အဝါကို လိုက်ကြည့်လိုက်ပြီး ဝမ်ယမ်လန်နားသို့ တိုးကပ်သွားကာ

"ဒီနေရာမှာ ညစ်ပတ်နေတာ တစ်ခုရှိတယ် ငါသွားပြီး ရှင်းလိုက်ဦးမယ်ကွာ မင်းငါ့ကို အထဲမှာပဲ စောင့်လိုက်တော့"

ဝမ်ယမ်လန်က ခေါင်းညိတ်လိုက်သည်။

"ဂရုစိုက်"

ကျန်းလော့သည် တစ္ဆေအရှိန်အဝါနောက်သို့ ဆက်တိုက်လိုက်သွားရာ တစ္ဆေစွမ်းအားအကောင်းဆုံးနေရာသည် သန့်စင်ခန်းဖြစ်နေသည်။ ပုန်းကွယ်နေသော တစ္ဆေသည် ကျန်းလော့ကို မကောင်းသည့်နေရာမှ လာသည်ကို သတိပြုမိသွားကာ ကျန်းလော့ သန့်စင်ခန်းထဲ ဝင်လိုက်သည်နှင့် တံခါးတို့သည် လုံးဝ တင်းကျပ်စွာ ပိတ်သွားပြီး မီးချောင်းများကလည်း ပိတ်လိုက်ဖွင့်လိုက်ဖြစ်လာသည်။

မှောင်လိုက်လင်းလိုက်ဖြစ်နေပြီး မကောင်းဆိုးဝါး လေပွေတို့သည် ငိုညည်းသံကဲ့သို့ ပြတင်းပေါက်အပြင်မှ ဝင်လာသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now