အခန်း ၁၄၇

1.3K 249 19
                                    

အပိုင်း (၁၄၇) သရဲတစ္ဆေတစ်ရာတိတိနဲ့ သတို့သမီးကို ကြိုဆိုမယ်

ညစာစားချိန်တွင် ကျန်းလော့ကို ထမင်းစားခန်းသို့ လာရန် ခေါ်ခဲ့သည်။

ထမင်းစားခန်းသို့ သူကနောက်ဆုံးမှရောက်သွားသည်။ ဟော့ပေါ့အိုးတင်ထားသော စားပွဲတွင် လူတိုင်းရောက်နေပြီဖြစ်ကာ ကံကြမ္မာယုံသူသည် လေးနက်သော အမူအယာဖြင့် ဟော့ပေါ့အိုးကိုကြည့်င တောင့်တောင့်ကြီးထိုင်နေသည်။

စားပွဲတွင် ဖုန်းလီဘေးမှ နေရာတစ်နေရာသာ လွတ်တော့ပြီး ကျန်းလော့သည် ထိုနေရာသို့သွား၍ ထိုင်လိုက်သည်။ ထို့နောက် တူတစ်စုံကို ကိုင်လိုက်ကာရှိသေးသည် ကျိယောင်ဇီသည် ဝိုင်ဖန်ခွက်နှင့် ရောက်လာပြီး

"ကျုပ်တို့နဲ့ ပေါင်းမလား"

ဆောင်းလယ်တွင် ဝိုင်တစ်ခွက်လောက်သောက်ရင်း ဟော့ပေါ့စားရတာလောက် ကောင်းတာမရှိပေ။ ကျန်းလော့သည် သူ့ရှေ့မှ ဖန်ခွက်ကိုယူ၍ စကားမပြောဘဲ လက်ဟန်ဖြင့် လက်ခံကြောင်းပြလိုက်သည်။ ကျိယောင်ဇီသည်သူ့ကို ဖန်ခွက်အပြည့် ဝိုင်များထည့်ပေးကာ သူတို့နှစ်ယောက်သာ နားလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်းလော့သည် လက်ကို မြှောက်လိုက်ပြီး ဖန်ခွက်သည် သူ့နှုတ်ခမ်းနားသို့ ရောက်တော့မည့် အချိန်တွင် သူ့ဘယ်ဘက်ဘေးတွင် ထိုင်နေသော ကောင်းကင်သခင်က အေးစက်စွာ ပြောလိုက်သည်။

"အဲ့ခွက်ကို ချလိုက်"

ဆံပင်အနက်ရောင်ကောင်လေး၏ နှုတ်ခမ်းပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးလေးတစ်ခုပေါ်လာသည်။ ဖုန်းလီသည် သူ့လက်ထဲမှ ဖန်ခွက်ကို ဆွဲယူလိုက်ပြီး ကျိယောင်ဇီကို အေးစက်စွာကြည့်ကာ မကျေနပ်သော အသံဖြင့် ပြောလိုက်သည်။

"သူ့ကို ဝိုင်ထပ်မတိုက်နဲ့တော့"

ကျိယောင်ဇီသည် စိတ်မကောင်းချင်ယောင်ဆောင်၍

"ကျုပ်က သူအသက်ပြည့်ပြီထင်လို့"

"မနေ့က သူဖျားထားတယ်"

ဖုန်းလီသည် သူ့ရှေ့မှ ခွက်ထဲကဝိုင် တစ်ငုံသောက်၍ နည်းနည်းလေးမှ မတုံ့ဆိုင်းပဲ ကျန်းလော့အတွက် ဆုံးဖြတ်ချက်ချပေးလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now