အခန်း (၁၇၃)

952 154 3
                                    

အပိုင်း (၁၇၃) နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခြင်း (၁)

သို့သော် သူ့ရွေးချယ်မှုကို တခြားသူများကတော့ နားမလည်နိုင်ကြပေ။ ထိုအချက်သည် သူတို့ ကျန်းလော့ကို ထျန်းရှိဖူမှ ထွက်မလာစေချင်တာမျိုး လုံးဝမဟုတ်ဘဲ ဖုန်းလီ၏ ကျန်းလော့အပေါ် အလွန်တင်းကျပ်စွာ အုပ်ထိန်းမှုကြောင့် ကျန်းလော့ကို စိုးရိမ်သွားကြခြင်းသာ ဖြစ်သည်။ သူတို့သည် ကောင်းကင်သခင်ဖုန်း၏ သဘောထားကို တွေးမိပြီး ကြောက်လန့်စွာ နှုတ်ခမ်းကိုက်ထားမိကြသည်။ သူတို့သည် ကျန်းလော့တစ်ယောက် ထျန်းရှိဖူကို စွန့်ခွာရန် ဤမျှ လွယ်လွယ်တွေးနိုင်ခြင်းကိုလည်း အံ့ဩနေကြသည်။

ဖုန်းလီသည် အသက်အငယ်ဆုံးသော ကောင်းကင်သခင်တစ်ပါးဖြစ်ပြီး ယခုဆိုလျှင် ရွှမ်ရွှီလောက၏ နံပါတ်တစ် ထပ်ဆုံးတွင် ရပ်တည်နေသော ပုဂ္ဂိုလ်ဖြစ်သည်။ ဖုန်းလီကို တွေ့နိုင်ရန် မည်သူ့အတွက်မှ လွယ်ကူခြင်းမရှိသလို မည်သူကမှ ဖုန်းလီကို မျက်နှာလိုအားရပင် မလုပ်ရဲကြပေ။

ဖုန်းထျန်းရှိ၏ တပည့်ရင်းဆိုသည့် နာမည်နှင့်ပင် ကျန်းလော့ မည်မျှတော်ကြောင်း သိနိုင်နေပြီဖြစ်ပြီး ဤနယ်ပယ်တွင် ထိုနာမည်လောက် သိက္ခာရှိသော နာမည်အလွန်ရှားပါးသည်။ တစ်စုံတစ်ယောက်သည် ထိုနာမည်ကို မှီ၍ အလွယ်လေး ချမ်းသာလာနိုင်သည်။

ရလဒ်အရတော့ ကျန်းလော့သည် ထိုနေရာမှ ထွက်ခွာရန် လွယ်ကူစွာ တွေးနိုင်ပြီး ဆုံးဖြတ်ချက်ပင် ချနိုင်ခဲ့သည်။ ကျန်းလော့သည် သူဘာကြောင့် ထွက်ခွာလာချင်ရသလဲဆိုသည့် အကြောင်းပြချက်ကို မပြောပြခဲ့သော်လည်း အရာရှိလင်ကတော့ ဘာလို့ပဲ ထွက်လာလာ သူတို့နှင့်ပူးပေါင်းမည်ဟု တွက်လိုက်ကာ အားရဝမ်းသာ ကျန်းလော့လက်ကို ဆွဲ၍ မျက်ရည်များပင် ကျလုလု ဖြစ်လာသည်။ ထို့နောက် ရှိုက်ပြီး ပြောလိုက်သည်။

"ကျန်း ဘာမှ စိတ်မပူနဲ့သိလား နိုင်ငံတော်က မင်းရဲ့ အားကိုးရာ ခံတပ်အသစ်ဖြစ်လာမှာ ပြီးတော့လဲ သေချာပေါက် မင်းကို ကာကွယ်ပေးမှာ ဘာမှ စိုးရိမ်စရာမလိုဘူး"

ကျန်းလော့သည် ပြည်နယ်အစိုးရမှ ထုတ်ပြန်သော အဖွဲ့အစည်းကို ယုံကြည်မှုရှိသည်။ စတင်တည်ထောင်ခါစ အဖွဲ့အစည်းတစ်ခုလောက် သေချာတောက်ပထင်ရှားသော အရာမရှိပေ။ ရွှမ်ရွှီလောက၏ အကြီးပိုင်း အုပ်ချုုပ်သူများသည် သူတို့၏ အမှားများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရပြီး သူတို့သည် ယခုဆိုလျှင် အာရုံမကျင်းမှီ သန်းခေါင်အချိန်ကဲ့သို့ မှောင်မိုက်နေသည့် အခိုက်အတန့်ကို ရောက်ရှိနေကြသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now