အပိုင်း (၁၄၀) ကပ်ဘေးအဆုံးသတ်ဆီသို့
ယနေ့သည် ခမ်းနားလောက်အောင် နေသာသော နေ့ဖြစ်သည်။ ကျန်းလော့သည် တံခါးရှေ့တွင် ခွေးခြေခုံထုတ်၍ လူအိုကြီးတစ်ယောက်လို ခုံနောက်မှီကို မှီကာ နေပူဆာလှုံနေသည်။ ကျန်းလော့၏ မျက်ဝန်းများသည် နေရောင်ကြောင့် ရွှေအိုရောင်သန်းနေကာ သူ့မျက်နှာတစ်ခုလုံး လင်းလက်နေသည်။
ဆံပင်အနက်ရောင်များကို နောက်တွင် စုစည်းထားပြီး နေရောင်ကြောင့် ရွှေအိုရောင်တို့ ရောင်ပြန်ဟပ်နေကာ တမျှင်စနှစ်မျှင်စ ကပိုကယိုကျနေသော ဆံနွယ်တို့သည် ရွှေကြိုးမျှဉ်များကဲ့သို့ တောက်ပလင်းလက်နေသည်။ အသက်ရှူသွင်းလိုက်တိုင်း ဆောင်းရာသီ၏ အငွေ့အသက် အေးစိမ့်သော လေများ အဆုတ်ထဲဝင်သွားသည်။ နှစ်တိုင်း ဒီလိုရာသီရောက်လျှင် အမြဲတမ်းခြောက်သွေ့အေးစက်နေတတ်ပြီး နှုတ်ခမ်းများသည် ခြောက်သွေ့ကာ အနည်းငယ် ကွဲသည် ။ မျက်နှာတွင်လည်း အရေခွံတချို့ကွာကာ အသားပတ်နေသည်။
ကျန်းလော့၏မျက်နှာသည် နေရောင်ခြည်တို့ ဖြာကျပြီး နွေးထွေးမှုကြောင့် အသားပတ်နေသော်လည်း အဆင်ပြေနေသည်။ သူသည် အနည်းငယ်ခြောက်သွေ့ အက်ကွဲနေသော နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည်။ သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းနှင့် လည်ပင်းအတွက် ရေတစ်ခွက်ငှဲ့သောက်ဖို့တောင် မလှုပ်ချင်သောကြောင့် ဒီတိုင်း သည်းခံပြီး လစ်လျူရှုထားလိုက်သည်။
နွေဦးအိပ်မက်ကို ပြန်တွေးရင်း ပျင်းရိစွာ သမ်းဝေလိုက်သည်။
နောက်ဆုံးတစ်ခေါက်တုန်းကထက် ပိုကောင်းသည့်ကိစ္စမှာ ယခုတစ်ကြိမ်တွင် ကိစ္စဝိစ္စများ ပြီးသွားသောအခါ သန့်ရှင်းရေးလုပ်ဖို့ မလိုတော့ခြင်း ဖြစ်သည်။ ( ယူနိုး ကိစ္စဝိစ္စ ပါ့ပါ့ပါ့)
စိတ်ဖြင့် အတူနေခြင်း၏ ကောင်းသည့်အချက်မှာ ခန္ဓာကိုယ်ကို မညစ်ညမ်းစေခြင်းကို မဆိုလိုပေ။ ကျန်းလော့သည် သနားသလို တစ်ဝတ်တစ်ပြတ်ပြုံးလိုက်ပြီး မနေ့ညက သူတို့အိပ်မက်ထဲမှာ လုပ်ပြီးနောက် မကောင်းဆိုးဝါးက အလွန်ကောင်းနေခဲ့ပြီး ထူးဆန်းသည်မှာ ထိုမကောင်းဆိုးဝါးသည် ကျန်းလော့ကို သူ့ကို လှောင်ရယ်ခွင့်လုံးဝမပေးခဲ့ခြင်းက ကျန်းလော့ကို သနားစရာကောင်းသွားစေသည်။
YOU ARE READING
ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)
Horrorဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။